သစ်သားကုန်ကြမ်းမှ ဘယ်လိုအိမ်သုံးပစ္စည်းတွေကို ပြုလုပ်ကြမလဲ


04 December, 2020

သစ်တစ်ပင်ရဲ့တန်ဖိုးက အရွယ်တော်သစ်တစ်ပင်အရွယ်ကစလို့ သစ်ပင်ကြီးကြီးမားမားရှင်သန်ပြီး နောက်ဆုံးအချိန် ခုတ်ထွင်းလိုက် တဲ့ အချိန်အထိ သစ်တစ်ပင်လုံးက အကျိုးရှိပါတယ်။

အပင်ကြီးကြီး ပင်စည်ကနေ နောက်ဆုံးသစ်တိုသစ်စ ဖြစ်သွားတဲ့အချိန်အထိကို နေအိမ်တွေမှာ ဘယ်လိုအကျိုးရှိရှိအသုံးချလို့ ရနိုင်မလဲဆိုတဲ့ စိတ် ကူးကောင်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

သစ်ပင်တစ်ပင်လုံး ကနေ သစ်သားကုန်ကြမ်းအကြမ်းထည်ကို အသုံးချပြီး အိမ်ရဲ့အသုံးဝင်နေရာလေးတွေရဲ့ နည်းလမ်းကောင်းလေးတွေလည်း ဖြစ်ပါ တယ်။

၁။ သစ်ပင်ကနေ ခုတ်ထွင်းထားတဲ့ ရှည်လျားတဲ့သစ်ကိုင်းက သင့် အိမ်ရဲ့ လှေကားလက်ရန်းကောင်းကောင်းတစ်ခု ဖြစ်လာမှာပါ။

သစ်ကိုင်းကို အသေအချာအချောသတ်ပြီး ဆေးရောင်ခြယ်တာဖြစ်ဖြစ်၊ဒါမှမဟုတ် အပြင်ကနေပတ်တဲ့ အစ၊ ပလက်စတစ်၊ အစရှိတဲ့အရာ တွေပတ်ပြီး အလှဆင်လိုက်မယ်ဆိုရင်

တကယ့်ကိုအသုံးဝင်တဲ့ ထူး ခြားတဲ့လှေကားလက်ရန်းတစ်ခုကို ရရှိလာမှာပါ။သာမန်လှေကား တွေလိုမျိုးပဲ အုတ်နံရံမှာ သံကိုင်းတွေနဲ့တွယ်ပြီး ပြင်ဆင်တည် ဆောက်နိုင်ပါတယ်။

၂။ သစ်ပင်၊ ပင်စည်တွေကို ပုံစံအမျိုးမျိုး ဖြတ်တောက်ပုံဖော်ပြီး ရရှိ လာမှာက သစ်သားအဝိုင်းပြားလေးတွေ၊ လေးထောင့်အချပ်ပြား လေးတွေ၊ တိုင်၊ တန်းလေးတွေပါ။

လေးထောင့်ဆန်ဆန် သစ်သား ပြားလေးတွေကိုတော့ ပစ္စည်းအရာဝတ္ထုတွေ ထားစရာစင်လေးတွေ၊ တန်းကလေးတွေ ပြုလုပ်နိုင်ပါတယ်။

အဝတ်ချိတ်တဲ့တန်း၊ အလှ ပစ္စည်းထားစရာ တန်းလေးတွေ၊ ချိတ်ထားစရာ စင်လေးတွေ ပြုလုပ် နိုင်ပါတယ်။ နောက်ပြီးတော့ ထိုင်စရာခုံလေးတွေ၊ ခုံတန်းလျားလေး တွေလည်းပြုလုပ်နိုင်ပါတယ်။

၃။ သစ်သားကုန်ကြမ်းကနေပဲ အခြားသော အသုံးဝင်တဲ့ ပစ္စည်း တွေဖြစ်တဲ့ နေအိမ်ကြမ်းပြင်တွေမှာ ခင်းကျင်းဖို့အတွက် သစ်သား ပင်စည်ကို အဝိုင်းလေးတွေ အညီအညာဖြတ်တောက်ပြီး အစီအရီ ခင်းကျင်းလို့ ရနိုင်ပါတယ်။

အပေါ်ကနေ အချောကိုင်ပြီး ထူးခြားသပ် ရပ်တဲ့ ကြမ်းခင်းပြင်တစ်ခုကို ရရှိမှာပါ။

ပင်စည်အဝိုင်းပြားကို တိုင် ကပ်နာရီ၊ ခဲတံ၊ ဘောပင်တို့ထည့်စိုက်စရာ ခွက်၊ စသဖြင့်နဲ့ အခြား အိမ်တွင်းအသုံးအဆောင်လေးတွေအဖြစ် ပြုလုပ်အသုံးပြုနိုင်ပါ တယ်။

၄။ နောက် ခြံဝင်းလေးထဲက ထိုင်စရာခုံလေးတွေ၊ တန်းလေးတွေ၊ ခြေနင်းလျှောက်လမ်းလေးတွေမှာလည်း သစ်သားအကြမ်းထည် လေးတွေနဲ့ ဖန်တီးပြုလုပ်နိုင်ပါသေးတယ်။

နောက်မှီထိုင်ခုံလေး တွေ၊ ထိုင်ခုံပုလေးတွေကို ခြံဝင်လေးထိုင်စရာ ခုံလေးတွေ ပြုလုပ် လို့ ရနိုင်ပါတယ်။ သစ်လုံးတွေကိုအပိုင်းပိုင်းဖြတ်ပြီး နောက်မှီထိုင်ခုံ၊ အလှထိုင်ခုံတွေအဖြစ်လည်း တည်ဆောက်နိုင်ပါသေးတယ်။

How To Global Read 77 times