ကမ္ဘောဇဘဏ်ချေးငွေနဲ့ အိမ်ဝယ်ဖို့ဘာတွေလိုမလဲ


01 January, 2019

အိမ်ရာချေးငွေဆိုသည်မှာ ကိုယ်ပိုင်အိမ်ပိုင်ချင်သော စိတ်ကူးအိပ်မက်များ အမှန်တကယ်အကောင်အထည် ပေါ်လာစေမည့် ဘဏ္ဍာရေးစီမံကိန်း(Financial Plan ) တစ်ခုဖြစ်ပါသည်။ အိမ်ရာတန်ဖိုး၏ အနည်းဆုံး ၃၀ % ကနဦးပေးသွင်းပြီး (၃) နှစ်မှ (၂၅) နှစ်အတွင်း အတိုးအရင်းလစဉ် ပြန်လည်ဆပ်သွားရုံဖြင့် စိတ်ကူးအိပ်မက်တွေထဲ အိမ်တစ်လုံးကို လက်တွေပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

အိမ်ရာချေးငွေလျှောက်ထားနိုင်ရန်-

လျှောက်ထားမည့်သူ၏

(၁) အမျိုးသားမှတ်ပုံတင်

(၂) ပတ်စပို့(Passport ရှိလျှင်)

(၃) ဓာတ်ပုံ(ပတ်စပို့အရွယ်အစား)

(၄) အိမ်ထောင်စုဇယား

(၅) ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာ

ထိုအချက်(၅) ချက်အပြင် လျှောက်ထားမည့်သူက ဝန်ထမ်းဖြစ်ပါက-

(၁) အလုပ်ရှင်၏ထောက်ခံချက်(ရာထူး၊ လုပ်သက်၊ လစာ)

(၂) နိုင်ငံတော်သို့ အခွန်ပေးသွင်းမှုမှတ်တမ်း (စာအုပ်/ပြေစာမိတ္တူ)

(၃) လက်ရှိအသုံးပြုနေသည့် ဘဏ်စာရင်းရှင်းတမ်း(၆)လစာ

(၄) အိမ်ငှားနေထိုင်သူဖြစ်ပါက အိမ်ငှားစာချပ်မိတ္တူ(ရှိလျှင်)

ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်ပါက-

(၁) လုပ်ငန်းလိုင်စင်

(၂) အရှုံးအမြတ်ရှင်းတမ်း(တင်ပြနိုင်လျှင်)

(၃) လက်ကျန်ငွေရှင်းတမ်း

(၄) လက်ရှိအသုံးပြုနေသည့် ဘဏ်စာရင်းရှင်းတမ်း(ရှိလျှင်)

(၅) နိုင်ငံတော်သို့အခွန်ပေးသွင်းမှုမှတ်တမ်း(စာအုပ်/ပြေစာမိတ္တူ)(တင်ပြနိုင်လျှင်)

ကုမ္ပဏီအမည်ဖြင့်လုပ်ကိုင်သူဖြစ်ပါက

(၁) Certification of Incorporation

(2) ပုံစံ(၆)၊ ပုံစံ(၂၆)၊ ပုံစံ(င)

(၃) သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်း

(၄) ဒါရိုက်တာအစည်းအဝေးဆုံးဖြတ်ချက်

(၅) အရှုံးအမြတ်ရှင်းတမ်း(တင်ပြနိုင်လျှင်)

(၆) လက်ကျန်ရှင်းတမ်း(တင်ပြနိုင်လျှင်)

(၇) နိုင်ငံတော်သို့အခွန်ပေးသွင်းမှုမှတ်တမ်း(စာအုပ်/ပြေစာမိတ္တူ)(တင်ပြနိုင်လျှင်)

နှစ်ဦးပေါင်း လစာငွေနဲ့လည်း လျှောက်ထားနိုင်ပါသည်။

အိမ်ရာချေးငွေလျှောက်ထားဖို့ အချိန်ဘယ်လောက်ကြာသလဲ??
စာရွက်စာတမ်းပြည့်စုံသည့်နေ့မှ အနည်းဆုံးအလုပ်လုပ်ရက် (၁၄) ရက်ခန့်ကြာမြင့်နိုင်ပါသည်။

အိမ်ရာချေးငွေလျှောက်ထားနိုင်ဖို့ ငွေကြေးမည်မျှရှိရမလဲ???

KBZ Website စာမျက်နှာတွင် ဖော်ပြထားသော Calculator ဖြင့်လျှောက်ထားနိုင်မည့် ချေးငွေပမာဏ၊ ချေးငွေသက်တမ်း၊ လစဉ်ပေးသွင်းရမည့်ပမာဏနှင့် ချေးငွေပမာဏပေါ်ကျသင့်သည့် အရင်းနှင့်အတိုး စုပေါင်းတို့ကို တွက်ချက်ကြည့်နိုင်ပါသည်။

ကမ္ဘောဇရဲ့ အိမ်ရာချေးငွေအကြောင်းကို ဘယ်နေရာတွေမှာစုံစမ်းလို့ရနိုင်သလဲ???

အိမ်ရာချေးငွေလျှောက်ထားနိုင်သော ကမ္ဘောဇဘဏ်ခွဲများ၊ ကမ္ဘောဇဘဏ်၏ Website စာမျက်နှာ၊ Mobile App၊ Facebook ၊ FM Radio နှင့် သက်ဆိုင်ရာဖုန်းများမှတစ်ဆင့် စုံစမ်းသိရှိနိုင်ပါသည်။

အိမ်ရာချေးငွေကိုဘယ်ချိန်မှာ ပြန်ဆပ်ရမလဲ???

လျှောက်ထားသူ၏ ကနဦးပေးသွင်းငွေ (Down Payment)၊ အသက်နှင့်လစဉ်ဝင်ငွေတို့ပေါ်တွင်မူတည်၍ အိမ်ရာတန်ဖိုးအလိုက် ၃ နှစ်မှ ၂၅ နှစ်အတွင်း ပြန်လည်ဆပ်သွားရပါမည်။ ချေးငွေစတင်သည့်နေ့မှ ရက် ၃၀ ပြည့်မြောက်သည့်နေ့တွင် စတင်ပေးဆပ်ရပါမည်။

အာမခံပစ္စည်းပေးဆောင်ရန် လိုအပ်ပါသလား???

ဝယ်ယူမည့်အိမ်ရာသည် အာမခံပစ္စည်းဖြစ်သောကြောင့် ထပ်မံပေးဆောင်ရန် မလိုအပ်ပါ။

အိမ်ရာချေးငွေအား ပြန်လည်ဆပ်ရမည့်ပုံစံနှင့် အတိုးနှုန်းထားကို ဘယ်လိုသတ်မှတ်ထားသလဲ???

လစဉ်အရစ်ကျပြန်လည်ဆပ်ရမည်ဖြစ်ပြီး အတိုးနှုန်းအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ထားသော အတိုးနှုန်းထားအတိုင်း ကောက်ခံသွားမည်ဖြစ်သည်။

Bank Loan Read 439 times