လက်ရှိဘိလပ်မြေ ပိုမို ထုတ်လုပ်နိုင်ရန်ပြည်တွင်း ၊ပြည်ပ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွ


04 December, 2020

စက်မှု ဝန်ကြီးဌာနပိုင်သရက်ဘိလပ်မြေစက်ရုံအား လက်ရှိထုတ်လုပ်မှု ပမာဏထက်ပိုမို ထုတ်လုပ်နိုင်ရန်ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

စက်မှုဝန်ကြီးဌာနအမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊အမှတ်(၃၁) အကြီးစားစက်ရုံ(သရက်)၏ ဘိလပ်မြေထုတ်လုပ်မှုအားနည်းပညာအဆင့်မြှင့်တင်၍ လက်ရှိထုတ်လုပ်မှု ပမာဏထက်ပိုမိုထုတ်လုပ်နိုင်ရန်အတွက်

Public Private Partnership(PPP)အစီအစဉ်ဖြင့် ပြည်တွင်း၊ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် စိတ်ဝင်စားမှုဖော်ပြခြင်း အဆိုပြုလွှာ(EoI)အား ခေါ်ယူသွားမည်ဖြစ်သည်။

***ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသော ပြည်တွင်း၊ပြည်ပ ကုမ္ပဏီများသည်စိတ်ဝင်စားမှုဖော်ပြခြင်း အဆိုပြုလွှာကို စက်မှုဝန်ကြီးဌာနအမှတ်(၂)

အကြီးစားစက်မှုလုပ်ငန်းနည်းပညာဖွံ့ဖြိုးရေးဌာန နေပြည်တော်သို့လိပ်မူ၍ သြဂုတ် ၉ရက်အရောက်ပေးပို့ရမည်ဖြစ်ကြောင်းသိရသည်။***

အဆိုပြုလွှာပုံစံနှင့်အခြားသက်ဆိုင်ရာစာရွက်စာတမ်းများကို ကုမ္ပဏီဆိုင်ရာအထောက်အထားများတင်ပြ၍ စက်မှုဝန်ကြီးဌာန အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း

နည်းပညာဖွံ့ဖြိုးရေးဌာန နေပြည်တော်တွင် ထုတ်ယူနိုင်ကြောင်းသိရသည်။

အဆိုပြုလွှာတင်သွင်းရန်အတွက်လုပ်ငန်းဆောင်ရွက်ရန်စိတ်ဝင်စားကြောင်းကို

တိကျသေချာစွာ ဖော်ပြထားသည့်အကြောင်းကြားစာ၊

သက်တမ်းရှိကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊

ကုမ္ပဏီသင်းဖွဲ့မှတ်တမ်း/စည်းမျဉ်း၊နည်းပညာပူးပေါင်း ဆောင်ရွက်မည့် နိုင်ငံခြားကုမ္ပဏီအချက်အလက်များ၊

ရင်းနှီးမြှုပ်နှံလိုသူ၏ လုပ်ကိုင်မည့် လုပ်ငန်းအတွက် အတွေ့အကြုံ၊ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် အချက်အလက်များ စသည့် ကုမ္ပဏီဆိုင်ရာ အထောက်အထားများကိုတင်ပြရမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Local Construction Materials Read 83 times