Water Resistant Technology and Application Seminar


24 November, 2020

M2C Management Group မှကြီးမှူးပြီးတော့ကျင်းပသွားမယ့် Water Resistant Technology and Application Seminar ကို ၂၀၁၈ ခုနှစ် မေလ ၁၂ ရက်နေ့ စနေနေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ကျင်းပမယ့် အချိန်က မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၅ နာရီအထိ ဖြစ်ပါတယ်။

အစီအစဉ် အသေးစိတ်ကို ပူးတွဲဖော်ပြပါပုံမှာ ကြည့်ရှုနိုင်ပါတယ်။

ကျင်းပမယ့် နေရာကတော့ 17C ပါရမီလမ်း ၊ ပါရမီဟိုတယ်အနီး ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့မှာ ဖြစ်ပါတယ်။

ဒီ Event မှာတော့ M2C ရဲ့အဓိကပါတနာကုမ္ပဏီတစ်ခုဖြစ်တဲ့ CKS Keshun ကုမ္ပဏီကနေ ဆောက်လုပ်ရေးလုပ်ငန်းသုံး Waterproof နဲ့ပတ်သက်တဲ့ပစ္စည်းများကို လက်တွေ့သရုပ်ဖော်ပြသပေးမှာ ဖြစ်လို့ အခွင့်အရေးကိုလက်လွတ်မခံသင့်ပါဘူး။

စိတ်ဝင်တစား ရှိလို့ ဝယ်ယူလိုပါကလည်း ရောင်းချပေးသွားမှာဖြစ်ပါတယ်။

M2C Management Group ဆိုတာက ဟောင်ကောင်အခြေစိုက်ရင်းနှီးမြှပ်နှံမှုကုမ္ပဏီတစ်ခုဖြစ်ပြီး တရုတ် ၊ မြန်မာ နဲ့ဟောင်ကောင်တို့မှာရှိတဲ့ ကုန်သွယ်ရေးအဖွဲ့အစည်းပေါင်း ၅၀ ကျော်နဲ့ လက်တွဲဆောင်ရွက်လျက်ရှိနေပါတယ်။

CKS Kenshun ကုမ္ပဏီကို ၁၉၉၆ ခုနှစ်မှာ Guangdong မှာစတင်တည်ထောင်ခဲ့ပြီးတော့ တရုတ်နိင်ငံရဲ့ထိပ်တန်းကုန်ထုတ်လုပ်မှုကုမ္ပဏီတွေထဲကတစ်ခုဖြစ်ပါတယ်။

ဒီကုမ္ပဏီရဲ့အဓိကထုတ်ကုန်တွေကတော့ Waterproofing Material တွေဖြစ်ပါတယ်။

မည်သူမဆိုတက်ရောက်နိင်သလို ပြပွဲမှာ Lucky Draw အစီအစဉ်အပြင် အအေး ၊ ညနေစာဘူဖေးတို့နဲ့လည်းဧည်ခံသွားမှာ ဖြစ်ပါတယ်။

Event နဲ့ပတ်သက်တဲ့အသေးစတ်အချက်အလက်တွေကိုသိရှိလိုရင်လည်း 09-786632228 နဲ့ 09- 786632229 တို့ကိုဆက်သွယ်ပြီးတော့မေးမြန်းနိင်ပါတယ်။

Events Read 79 times