Water Proofing အကြောင်း သိကောင်းစရာ


06 October, 2021

 

Waterproofing ဆိုတာဘယ်နေရာမှာ သုံးတယ်ဆိုတာ Engineers and contractors တော်တော် များများ နာလည်သိရှိပြီးသာဖြစ်ပါတယ်။ ဥပမာ roof slab , water tank , other tanks , toilet , swimming pool , pits,bath room ,wet area of kitchen room တို့ဖြစ်ပါတယ်။

 

ဒါ့အပြင် သူနေရာအလိုက် သတ်မှတ်ထားတဲ့ method အလိုက် သုတ်ရတဲ့ အလွှာအရေအတွက် ကွဲသွားတတ်ပါတယ်။

 

Roof ဆိုရင် base coast အပါအဝင် လေးလွှာလောက် သုတ်တဲ့အပြင် တစ်ချို့နေရာတွေ Aluminum paint ဆိုတဲ့ ဆေးကို final အနေနဲ့ သုတ်ကြပါတယ်။ (depend on approved materials) waterproofing membrane လဲသုံးကြပါတယ်။ ဥပေမာ(wet area တွေ သုတ်မယ်ဆိုရင်ပေါ့ ရေချိုခန်း အိမ်သာနဲ့ မီးဖိုးချောင်ရဲ့ ရေအသုံးပြုတဲ့နေရာဆိုရင် နှစ်လွှာလောက်သုတ်ကြပါတယ်။

 

 (၁) ဆေးမသုတ်ခင် preparation အနေနဲ့ water proofing သုတ်မဲ့နေရာကို သန့်ရှင်ရေးလုပ်၊ wall Conner နဲ့ slab တွေကို plaster ပုံစံ touch up တွေ လုပ်ပြီး အပေါက်တွေ အခွက်တွေမရှိအောင် အရင် လုပ်ရပါတယ်။ အဲ့တာပြီးတဲ့နောက် စစ်ဖို့လိုပါတယ်။ အောက်က slab rebar ကိုချီတဲ့ wire တွေထွက်နေလား၊ အပေါက်ကလေး ဖြစ်နေလား၊ ကျန်နေလား စစ်ဖို့ လိုပါတယ်။

 

(၂)preparation cement ခြောက်ပြီး နောက်တနေ့မှာ ပထမအလွှာကို စသုတ်ပါတယ်။ ပထမအလွှာပြီးနောက် အနည်းဆုံး ၄၅ မီနစ်မှာ ဒုတိယအလွှာကို သုတ်ရပါတယ်။ တစ်လွှာနဲ့ တစ်လွှာ အနည်းဆုံး ၄၅ မိနစ်ခြားရပါတယ်။ (သုံးမဲ့ materisls ပေါ်မူတည်ပြီး setting time ကွာပါမယ်။

 

(၃) ဒုတိယအလွှာပြီး စစ်ဆေးပြီးနောက် ၄ နာရီနောက်ပိုင်းမှာ ဆေးခြောက်ပြီးနောက် water pounding test လုပ်ဖိုအတွက် water proofing လုပ်ထားတဲ့ အခန်းရဲ အပြင်ကနေ ကန်သဘောမျိုးလေး cement motor pond လေးလုပ်ပြီး ရေထည့်ပြီး အနည်းဆုံး ၂၄ နာရီထားပေး ပြီးနောက်နေ့မှာ water leaking test စစ်ဆေးရပါတယ်။ အဲမှာ ရေစိမ့်တာ တွေရှိရင် water proofing အဆင့်ဆင့် ပြန်လုပ်ပြီး ထပ်စစ်ရပါတယ်။ ထို့နောက် ရေစိမ့်တာ မတွေတော့ဘူးဆိုရင် water proofing အလုပ်ပြီးမြောက်သွားပြီး ဖြစ်ပါတယ်။

 

(၄) water ponding test ပြီးလို pass ဖြစ်တယ်ဆိုရင် water proofing area ကို cement protection လုပ်ထားရပါမယ်။

 

Water proofing company ကလဲ ဒီအလုပ်ကို ၁၀ နှစ် အာမခံပေးပါတယ် ၁၀ နှစ်အတွင်း ရေစိမ့်တာတွေ့ရင် ပြန်လုပ်ပေးရပါတယ်။ ဒါက water proofing လုပ်ပုံ အဆင့်ဆင့်လေးပါ။ ပြီးမှ floor screed လုပ် Tiling ခင်းပေါ့။

 

ဒါပေမဲ့ အဓိကပြောချင်တာက ကျွန်တော်တို့ နိုင်ငံရဲ့ ကန်ထရိုက်တိုက်တွေ၊ စီမံကိန်း တိုက်တွေရဲ့ ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုချောင်၊ အမိုး တွေက ရေတွေစိမ့်တော့ slab rebar တွေက သံချေးတက်ပြီး concrete တွေပွလာ၊ ကွာကျလာ၊ သံချောင်းတွေပေါ်၊ slab soffit ဆေးတွေကကြွလာပြီး ရေစက်တွေ တစက်စက်နဲ့ တိုက်တွေ တော်တော်များများမှာ တွေဖူးကြပါလိမ့်မယ်။ ဒါဟာနေထိုင်သူတွေအတွက်တော့ တော်တော် စိတ်ပျက်စရာကောင်းပါတယ်။

 

အဓိက ကတော့ standard ပေါ့ အဆောက်အဦးတွေရဲ့ wet area တွေမှာ water proofing လုပ်ရမယ် ဆိုတဲ့ standard ရှိနေမယ်ဆိုရင် ဒါတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။

 

"ကျွန်တော်တို့နိုင်ငံမှာ အဲဒီလို လူနေအဆောက်အအုံတွေမှာ မဖြစ်မနေ လုပ်ရမယ် ဆိုတဲ့ standard မရှိတော့ ကန်ထရိုက်တွေ၊ engineerတွေ၊ အဆောက်အဦး ဆောက်လုပ်တဲ့ သူတွေအနေနဲ့ အဲဒီအတွက်ကုန်ကျမဲ့ ပိုက်ဆံ၊ အချိန်တွေကို ကြည့်မနေပဲ ဒါမှမဟုတ် contract လုပ်တဲ့အချိန် ရောင်းတဲ့အချိန်မှာ ရှင်းပြပြီး အဲဒီအတွက်ပါ ဈေးယူပြီး မဖြစ်မနေလုပ်ရတဲ့ standard တစ်ခုအနေနဲ့ အလေ့အကျင့်လေးလုပ်ပြီး ထည့်စေချင်တာပါ။ ဒါကို နေထိုင်သူတွေအနေနဲ့လဲ လက်ခံကြလိမ့်မယ်"လို့ ထင်ပါတယ်။

 

ဒါ့ကြောင့် wet area တွေမှာ water proofing လုပ်ရမယ်ဆိုတဲ့ standard လေး ကျွန်တော်တု့ိနိုင်ငံမှာ ရှိစေချင်တာ ဖြစ်ပါတယ်။

 

အခြား construction နဲ့ ပတ်သက်တဲ့ method တွေ standard တွေကတော့ အများကြီးပေါ့။ ဒါပေမဲ့ နောက်ကြရင် follow to standard and method of statement ဆိုတာ ကျွန်တော်တို နိုင်ငံရဲ့ တော်တော်များများနေရာတွေမှာ ဖြစ်လာတော့မှာ ဖြစ်လာစေချင်တာ ဖြစ်ပါတယ်။

Architecture How To Tips Read 441 times