ရေဆိုးစွန့်ထုတ်မှုနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ကဏ္ဍနှင့်ပတ်သက်သည့်တွေ့ဆုံဆွေးနွေးပွဲ 


06 December, 2020

        ရေဆိုးစွန့်ထုတ်မှုနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ကဏ္ဍများနှင့် ပတ်သက်၍ စာတမ်းပြုစုရန်ဂျာမနီနိုင်ငံစီးပွား ရေးလုပ်ငန်းရှင်အသင်းမှ တာဝန် ရှိသူများသည် မန္တလေးတိုင်းကုန် သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များထံ နိုဝင်ဘာ ၁၆ရက်၌ လာရောက်မည်ဖြစ်သည်။

 ‘‘MRCCI နဲ့ဂျာမနီက လုပ် ငန်းရှင်တွေနဲ့တွေ့ဆုံပြီး ဆွေးနွေး  ပွဲလေးတစ်ခုလုပ်မယ် ပြီးမှစက် ရုံတွေကိုသွားပြီး လေ့လာမှာပါ။ အဓိကကတော့ရေဆိုးနဲ့ ပတ် သက်ပြီး လိုအပ်တာတွေကူညီ ပေးနိုင်ဖို့  ပူးပေါင်းဆောင်ရွက်ဖို့အ တွက် Partner လာရှာတဲ့အနေနဲ့ ဒီက စက်ရုံတွေကိုလာပြီးလေ့ လာတာဖြစ်ပါတယ်’’

ဟု  မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (MRCCI) ဥက္ကဋ္ဌဦး ကျော်မင်းကပြောသည်။  

        ဂျာမနီနိုင်ငံစီးပွားရေးလုပ် ငန်းရှင်အသင်းသည် ယခုနှစ်အ တွင်း မြန်မာနိုင်ငံရှိ ရေနှင့် ရေ ဆိုးစွန့်ထုတ်မှုဆိုင်ရာလုပ်ငန်း များနှင့် အခြေခံအဆောက်အအုံ   ကဏ္ဍတို့အတွက် အလေးထား ကာစာတမ်းပြုစုလိုသဖြင့် လာ ရောက်တွေ့ဆုံခြင်းဖြစ်ပြီး နိုဝင် ဘာ  ၁၆ ရက်တွင် ဂျာမနီနိုင်ငံ ရှိ  စီးပွားရေးလုပ်ငန်း ရှစ်ခုမှ တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့ နှင့် MRCCI တို့ တွေ့ဆုံဆွေးနွေး  မည်ဖြစ်သည်။

‘‘စာတမ်းပြုစုရေး လုပ်ငန်း တွေအပြင်စက်ရုံတွေသွားပြီးလေ့ လာလို့ လိုအပ်တာတွေရှိခဲ့ရင် ထောက်ပံ့ပေးနိုင်ဖို့၊ပူးပေါင်းလုပ် ဆောင်နိုင်ဖို့အတွက်ကိုလည်း ဆွေးနွေးသွားမှာဖြစ်ပါတယ်’’

 ဟု ဂျာမနီနိုင်ငံ စီးပွားရေးလုပ်ငန်း ရှင်များအသင်းမှ တာဝန်ခံတစ်ဦး  ကပြောသည်။

        ဂျာမနီကိုယ်စားလှယ် အ ဖွဲ့သည် မန္တလေးတိုင်းအတွင်းရှိ ရေဆိုးစွန့်ထုတ်မှုနှင့် ပတ်သက်၍  မန္တလေးနှင့် မိထ္ထီလာရှိစက်ရုံ  များသို့ သွားရောက်လေ့လာ  မည်ဖြစ်ကြောင်း ၎င်းကပြော သည်။

Events Read 89 times