ရောင်ပြန်ဟပ်သည့် ဝေါ်ကီတော်ကီ


11 November, 2021

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်၏ ထင်ရှားသော မိုးထိတိုက်တာ ဝေါ်ကီတော်ကီ“Walkie Talkie” ရုံးအဆောက်အဦကို ခရုဆီ တီထွင်ခဲ့သော တရုတ်လူမျိုး Lee Kum Kee ထူထောင်ခဲ့သော လုပ်ငန်း အစဉ်အဆက် ဖြစ်သည့် Lee Kum Kee Groups ၂၀၁၇ ခုနှစ်တွင် ပေါင် ၁.၃ ဘီလျံဖြင့် ဝယ်ယူခဲ့သည်။

 

20 Fenchurch Street တွင်တည်ရှိသော အဆိုပါ အဆောက်အဦကို မိသားစုပိုင် ခရုဆီလုပ်ငန်း ထူထောင် Lee Kum Kee သည် ၁၈၈၈ ခုနှစ်တွင် ဈေးဆိုင်တွင် ကမာများကို အပြုတ်လွန်ခဲ့ရာမှ ခရုဆီလုပ်နည်းကို ရရှိခဲ့ခြင်း ဖြစ်သည်။

အဆောက်အဦပုံပန်းသဏ္ဍာန်က လမ်းလျှောက်စကားပြောစက် ဝေါ်ကီတော်ကီ တစ်လုံးကို မတ်မတ်ထောင်ထားသည့် ပုံသဏ္ဍာန် ဖြစ်နေသည်ကို အကြောင်းပြုပြီး ဝေါ်ကီတော်ကီ Walkie-Talkie ဟု အမည်တွင်သည်။

ဥရုဂွေးနိုင်ငံသား ဗိသုကာပညာရှင် Rafael Viñoly ၏ လက်ရာ ဖြစ်သည်။
မူလဒီဇိုင်းမှာ မီတာ ၂၀၀ (၅၆၅ ပေ) မြင့်သည်။ St Paul's Cathedral နှင့် Tower of London တို့ကို မြင်ကွင်းမပိတ်ရန် အမြင့်ကို လျှော့ချပြီး ဒီဇိုင်းပြန်ထုတ်ခဲ့သည်။ ထိုသို့ လျှော့ထားသော်လည်း ကန့်ကွက်မှုများ ဆက်လက် ဖြစ်ပေါ်နေခဲ့သည်။ နောက်ဆုံး အာဏာပိုင်တို့က ကြားဝင်ပြီး  စီရင်ဆုံးဖြတ်ပေးခဲ့ရာ ဆောက်လုပ်ခွင့် ရရှိခဲ့သည်။ 

 

လန်ဒန်မြို့လယ်ပိုင်းမှာ မားမားမတ်မတ် ဖြစ်နေသော အထပ် ၃၈ ထပ် ရှိသည့် ဝေါ်ကီတော်ကီ အဆောက်အဦကို ၂၀၁၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ အပေါ်ဆုံး ၃ ထပ်တွင် တည်ရှိသော sky garden" ကို ၂၀၁၅ ဇန်နဝါရီလတွင် ပြီးစီးသည်။ sky garden သည် လေဆိပ်သို့ ရောက်နေသည့်အရသာကို ပေးသည်။  

 ကုန်ကျစရိတ်မှာ ပေါင် သန်း ၂၀၀ ဖြစ်သည်။ 
အဆောက်အဦမှ ရောင်ပြန်ဟပ်သည့် ပြဿနာ ပေါ်ပေါက်ခဲ့သည်။
၅၂၅ ပေ (မီတာ ၁၆၀) မြင့်သော မိုးထိအဆောက်အဦမှ နေရောင်ကို ရောင်ပြန်ဟပ်သည်မှာ ပြင်းထန်လွန်းနေသည်။ မှန်သားကို အခွက်လုပ်ထားသဖြင့် မှန်ဘီလူးဖြင့် အလင်းရောင်ခြည်တန်းများ စုပြီး ရောင်ပြန်လွတ်သည့် ရောင်ခြည်စု အကျိုးရလဒ် ဖြစ်ပေါ်ရာ ရောင်ခြည်စု ကျရောက်နေသည့် အောက်ဘက် လမ်းဘေးမှာ လမ်းလျှောက်ကြသူတို့ အကင်ခံရသည့်နှယ် အပူဒဏ် ခံစားကြရသည်။ အပူချိန် 91 °C (196 °F) နှင့် 117 °C (243 °F)  ဖြစ်ပေါ်နေသော နေရာများ ရှိနေစေသည်။ ကားများ အရည်ပျော်ကုန်သဖြင့် အလျော်ပေးခဲ့ရသည်။ 

 ထို့ပြင် လေကို လမ်းပေါ်သို့ စိုက်ဆင်းပြီး လေပြင်းတိုက်စေသည်။ 
၂၀၁၅ ခုနှစ်တွင် လေပြင်းတိုက်ရာ လူများ လွင့်စင်ကုန်သည်အထိ အတိုက်ကြမ်းခဲ့သည်။ 

 

 

 

Architecture Read 584 times