VIETNAMEXPO 2018 in Myanmar မကြာမီကျင်းပတော့မည်


06 December, 2020

  ဗီယက်နမ်ကုန်သွယ်မှုမြှင့်တင်ရေးအေဂျင်စီ/ဗီယက်နမ်စက်မှုလုပ်ငန်းကုန်သွယ်မှုဝန်ကြီးဌာနမှ မြန်မာနိုင်ငံရျိ ဗီယက်နမ်သံရုံး၊မြန်မာနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံတွင် ဗီယက်နမ်နိုင်ငံအကြီးဆုံးပို့ကုန်ပြပွဲအား ၂ဝဝ၉ ခုနှစ်တွင်ပထမဆုံးအကြိမ်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံရှိ ဗီယက်နမ်ပို့ကုန်ပြပွဲသည်နှစ်နိုင်ငံ စီးပွားရေးမြှင့်တင်မှုအား ထူးခြားစွာပူးပေါင်းပါဝင်ခြင်းဖြစ်သည်။

ဗီယက်နမ်ကုန်ပစ္စည်းများ လူသိများလာခြင်း
***************************

        ၂ဝဝ၂ခုနှစ်၊၂ဝဝ၃ ခုနှစ်ကတည်းက မြန်မာ့ဈေးကွက်သို့ ဗီယက်နမ်ကုန်ပစ္စည်းများ ဝင်ရောက်လာခဲ့ပြီး အာဆီယံနိုင်ငံများထဲတွင် ထိုင်းနှင့်အတူ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ယခု မြန်မာနိုင်ငံတွင် နာမည်ကြီး အမှတ်တံဆိပ်များဖြစ်သော Kangaroo နှင့် လီဝါးတို့သည်လည်း ကုန်စည်ပြပွဲများမှ တဆင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ဗီယက်နမ်ကုန်ပစ္စည်းများ လူသိများလာခြင်းသည် ကုန်စည်ပြပွဲများ ပြုလုပ်ခြင်း၏အနှစ်သာရတစ်ခုပင်ဖြစ်သည်။

        ဗီယက်နမ်ထုတ်ကုန်များအား ဂုဏ်ယူစွာဖြင့် ဟူသောအဓိကရည်ရွယ်ချက်ဖြင့် ပြပွဲအား ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်းထုတ်လုပ်သူများ၊ကုန်သည်များမှ ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်းအဆင့်မြှင့်ထုတ်ကုန်များ၊အသင့်တော်ဆုံးဈေးနှုန်းဖြင့် မြန်မာနိုင်ငံဈေးကွက်တွင် ကမ်းလှမ်းခြင်းဖြစ်ပါသည်။

ပြပွဲရည်ရွယ်ချက်
***********

        ပြပွဲတွင် ဗီယက်နမ်တို့အကောင်းဆုံးကမ်းလှမ်းမှုအခွင့်အလမ်းဖြင့် ဗီယက်နမ်တို့ကြိုးပမ်းမှု၊ရည်ညွန်းချက်၊သည်းခံဇွဲတို့ယဉ်ကျေးမှုအမွေအား ဆက်ခံ၍ မြန်မာနိုင်ငံစီးပွားရေးအသိုက်အမြုံမျက်နှာစာအား ယုံကြည်ရသောအရင်းအမြစ်များမှ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအား ရည်ရွယ်ခြင်းဖြစ်ပါသည်။

ပြပွဲမှာဘာကုန်ပစ္စည်းတွေပါမလဲ
*********************
        ပြပွဲတွင် ဗီယက်နမ်ထိပ်တန်းထုတ်ကုန်များကဏ္ဍမှ လေးမျိုးခွဲ၍ ပြသမည်ဖြစ်ပြီး အစားအစာနှင့် အဖျော်ယမကာတွင် (သစ်သီးဖျော်ရည်၊ကျန်းမာရေးနှင့်ညီသော သောက်သုံးရန်များ၊လက်ဖက်ရည်၊နို့၊မုန့်ပစ္စည်းအမျိုးမျိုး၊)၊လူသုံးကုန်များဖြစ်သော (စောင်အမျိုးမျိုး၊မိုဟာအမျိုးမျိုး၊ဖိနပ်အမျိုးမျိုး၊ဖက်ရှင်အမျိုးမျိုး၊မီးဖိုချောင်သုံးပစ္စည်းအမျိုးမျိုး၊အိမ်သုံးပစ္စည်းအမျိုးမျိုး)၊ စက်ပစ္စည်းနှင့် ကိရိယာများ(ဝါယာကြိုး၊ကေဘဲလ်ကြိုးအမျိုးမျိုး၊ပိုက်အမျိုးမျိုး၊မီးသီးအမျိုးမျိုး၊ဘက်ထရီအမျိုးမျိုး၊မီးခလုတ်နှင့် မီးဆက်သွယ်ကိရိယာအမျိုးမျိုး၊ဈေးရောင်းစက်အမျိုးမျိုး၊ပိုက်) နှင့် ဆေးပစ္စည်းအမျိုးမျိုးတို့ပါဝင်သည်။

    ပြပွဲပြသသူ(၆ဝ)ကျော်နှင့် ပြခန်းပေါင်း (၁၂ဝ) ကျော် ပါဝင်ပြသမည်ဖြစ်သည်။

    ပြပွဲကျင်းပမည့်ရက်         :    (13.12.2018-16.12.2018)

    ပြပွဲကျင်းပမည့်အချိန်    :    (9:00 AM-5:00 PM)

    ပြပွဲကျင်းပမည့်နေရာ     :    တပ်မတော်ခန်းမ၊ဦးဝိစာရလမ်း။

Events Read 84 times