ဗီယက်နမ် အိမ်ခြံမြေကဏ္ဍ အတွက်မှားသဖြင့် ရောင်းအားကျ


29 August, 2023

ဗီယက်နမ် အိမ်ခြံမြေကဏ္ဍ အတွက်မှားသဖြင့် ရောင်းအားကျ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ဗီယက်နမ်တွင်  စီးပွားရေး ပြန်လည်ဦးမော့လာရာ၌ အားပျော့နေသဖြင့် လူအများတို့အကြား အိမ်ရာတိုက်ခန်း ဝယ်လိုအား လျော့ကျနေသည်။ အိမ်ရာတိုက်ခန်း ဝယ်ယူရန် စိတ်အားထက်သန်မှု မရှိကြချေ။
သို့ဖြစ်ရာ အိမ်ရာတိုက်ခန်းများ ရောင်းအားကျဆင်းနေပြီး အိမ်ရာတိုက်တာ ဖွံ့ဖြိုးရေးလုပ်ငန်းများသည် ငွေချေးစာချုပ်များ အရင်းနှင်အတိုး ပေးချေနိုင်ခြင်း မရှိကြသဖြင့် ရက်ရွှေ့ဆိုင်းကြသည်။

ဗီယက်နမ် အစိုးရက အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို ဖိဖိစီးစီး လုပ်ဆောင်နေသဖြင့် အိမ်ရာကဏ္ဍတွင် ငွေမည်းဖြင့် ဝယ်ယူမှုများ လျော့နည်းနေခြင်းကလည်း ရောင်းအားကို ထိခိုက်သည်။

ဗီယက်နမ်တွင် ဆောက်လက်စ တိုက်ခန်းကို အရစ်ကျစနစ်ဖြင့် ကြိုပွိုင့်ဝယ်ထားကြသူများသည် ဆောက်လုပ်ရေးလုပ်ငန်းက ဆောက်လက်စတန်းလန်း အလုပ်ရပ်ထားသည့်အတွက် အခန်းမရသည့် အဖြစ်များလည်း ရှိနေသည်။

အချို့ဆောက်လုပ်ရေး လုပ်ငန်းများသည် ဆောက်လုပ်ခွင့် ပါမစ် မရသေးခင်မှာပင် ဝယ်ယူသူများထံမှ စရံ ရယူထားခြင်းများလည်း ရှိနေသည်ဟု YouHomes ၏ CEO ဖြစ်သူ Tran Tuan Cuong က ပြောကြားသည်။

ယခင်က ငွေချေးစာချုပ်များ ရောင်းချပြီး ရလာသည့် ငွေကို လှည့်သုံးခဲ့ကြသည်။ ယမန်နှစ်ကစ၍ ငွေချေးစာချုပ်ဈေးကွက် ဈေးကွက်ပျက်သွားခဲ့သဖြင့် ငွေချေးစာချုပ်များဖြင့် ငွေသား မရှာနိုင်ကြတော့ချေ။ စည်းမျဉ်းစည်းကမ်း မလိုက်နာဘဲ ငွေချေးစာချုပ် ရောင်းချသူများကို အစိုးရက ဖမ်းဆီးပြီး အမှုဖွင့် အရေးယူခဲ့သည်။

လက်ရှိ ပြဿနာအချို့မှာ စျေးသက်သက်သာသာဖြင့်  ရောင်းချပေးနိုင်သော  တန်ဖိုးပိုသက်သာသော အိမ်ရာများကို ဆောက်လုပ်ခြင်း မပြုကြခြင်း ဖြစ်သည်။
ဗီယက်နမ် အစိုးရက တန်ဖိုးသင့် အိမ်ရာတိုက်ခန်း ၁ သန်း ဆောက်လုပ်ရန် ရည်မှန်းချက် ချပေးသည်။ 
အိမ်ရာဖွံ့ဖြိုးရေးကုမ္ပဏီများက အမြတ် မြိုးမြိုးမြက်မြက်ရသည့် တန်ဖိုးကြီးအိမ်ရာများကို ဆောက်လုပ်ထားကြခြင်း ဖြစ်သည်။
"အဝယ်လိုက်မယ် ထင်ကြေးဖြင့် အတွက်မှားကြပြီး တန်ဖိုးကြီးအိမ်ရာများ ဆောက်လုပ်ခဲ့ကြတယ်။ အနားယူ အပန်းဖြေတဲ့နေရာတွေမှာ ဆောက်လုပ်ထားကြတယ်။ ထင်ထားသလို မရောင်းရဘူး"ဟု Cuong က ပြောကြားသည်။

YouHomes ၏ Cuong က စျေးကွက်အတွင်း လှုပ်ခတ်မှုများသည် တန်ဖိုးသင့်  အိမ်ရာတိုက်ခန်းများဆီသို့ ဦးတည်သွားလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

Source Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Tips Read 306 times