ဒေါ်လာ ၅၈.၇ ဘီလီယံ မြန်နှုန်းမြင့် မီးရထားလမ်း ဗီယက်နမ်အစိုးရ အဆိုပြု


16 August, 2022

ဒေါ်လာ ၅၈.၇ ဘီလီယံ မြန်နှုန်းမြင့် မီးရထားလမ်း ဗီယက်နမ်အစိုးရ အဆိုပြု

ဗီယက်နမ်သည် နိုင်ငံတစ်နံတစ်လျား အရှည်တစ်လျှောက် ပြေးဆွဲနိုင်သည့် မြန်နှုန်းမြင့် ရထားလမ်းတစ်ခု တည်ဆောက်ရန် စဉ်းစားနေပြီး ကုန်ကျစရိတ်မှာ ဒေါ်လာ ၅၈ ဒသမ ၇ ဘီလီယံအထိ ရှိနိုင်ကြောင်း ဗီယက်နမ်အစိုးရက တနင်္ဂနွေနေ့ (ဩဂုတ် ၁၄) တွင် ပြောကြားခဲ့သည်။

 

 အာဏာရ ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ ဆုံးဖြတ်ချက်များအတွက် အခွင့်အာဏာရှိသည့်  ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုသို့ မီးရထားလမ်း တည်ဆောက်ရန် အဆိုပြုချက်ကို သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက လာမည့်လတွင် တင်သွင်းမည်ဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။

ဒေသတွင်းကုန်ထုတ်လုပ်မှုအချက်အချာဖြစ်သည့် ဗီယက်နမ်သည် ၎င်း၏ လျင်မြန်စွာကြီးထွားနေသောစီးပွားရေးကို ပံ့ပိုးရန်အတွက် သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။

အရှည် ၆၆၅ကီလိုမီတာရှိပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂၄.၇၃ ဘီလီယံရှိသော ပထမအပိုင်းနှစ်ပိုင်းကို ၂၀၃၂ ခုနှစ်တွင် အများပြည်သူ သုံးစွဲရန် လမ်းကြောင်းဖွင့်ပေးမည်ဖြစ်သည်။

စီမံကိန်းတစ်ခုလုံးကို ၂၀၄၅-၂၀၅၀ ၅နှစ် စီမံကိန်းကာလတွင် အပြီးသတ်နိုင်မည်ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#MyanmarLogisticsGuide
Telegram Channel https://t.me/Guid4U
Source: Reuters 

Infrastructure and Zones Read 711 times