နဂါးဖြူ ဗီယက်နမ်မှန်ချပ်တံတား အရှည်ဆုံး စံချိန်ဝင်


03 June, 2022

နဂါးဖြူ ဗီယက်နမ်မှန်ချပ်တံတား အရှည်ဆုံး စံချိန်ဝင်

 

ဗီယက်နမ်တွင် မှန်ချပ်များ ခင်းထားသော မိုးပျံလျှောက်လမ်းကို ၂၀၂၂ ဧပြီလတွင် ဖွင့်လှစ်ခဲ့သည်။ 
ယခုအခါ Guinness World Records က ကမ္ဘာ့အရှည်လျားဆုံး မှန်ချပ်တံတားဖြစ်ကြောင်း အသိအမှတ်ပြုသည်။
ယခင်စံချိန်ရှင်မှာ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်မှ မှန်ချပ်တံတားဖြစ်ပြီး အလျား ပေ ၁၇၂၆ ရှည်လျားသည်။

 

 

ဗီယက်နမ်မှန်ချပ်တံတားသည် ဗီယက်နမ်နိုင်ငံ အနောက်မြောက်ပိုင်း စန်လာပြည်နယ် ကုန်းမြင့် ကျေးလက်ဒေသတွင် တည်ရှိသည်။ နဂါးဖြူ "Bach Long" ဟု အမည်ပေးထားသည်။
Bach Long မှန်ချပ်တံတားက လာရောက်သည့် ဧည့်သည်များကို သဘာဝတောင်ကုန်းများနှင့် စိမ်းလန်းစိုပြေနေသော တောအုပ်များ၏ စွဲမက်ဖွယ်ကောင်းသော မြင်ကွင်းကျယ်ရှုခင်းများကို 
ပေးဆောင်သည်။

 

 

 

မြေပြင်အထက် အကြမ်းအားဖြင့် ၄၉၂ ပေ တွင် တွဲလောင်းချိတ်ထားသော Bach Long မှန်ချပ်တံတားသည် အလျား ၂,၀၇၃ ရှည်လျားသည်။
ဗီယက်နမ် ခရီးသွားလုပ်ငန်း အာဏာပိုင်များနှင့် ပြင်သစ်ဆောက်လုပ်ရေးလုပ်ငန်းတို့ ပူးပေါင်းပြီး အကောင်အထည်ဖော်ခဲ့ကြသည်။ ကိုဗစ်ကပ်ရောဂါဘေးဆိုးကြောင့် မှေးမှိန်နေသော ခရီးသွားလုပ်ငန်း ပြန်လည်အသက်ဝင်လာစေရန် ရည်ရွယ်သည်။  ပြည်တွင်းခရီးသည်များသာမက ပြည်ပခရီးသွားများအတွက်ပါ လည်ပတ်စရာ တစ်နေရာ ဖန်တီးပေးခြင်း ဖြစ်သည်။


တံတားခံနိုင်ရည်မှာ လူ ၄၅၀ ဦး တစ်ချိန်တည်းမှာ အသုံးပြုနိုင်ပါသည်။ SUV ကားတစ်စီး စမ်းသပ်မောင်းနှင်ကြည့်ခဲ့ရာ အဆင်ပြေသည်။ စမ်းသပ်ခြင်းသက်သက် ဖြစ်ပြီး ကားများ ဖြတ်သန်းခွင့် မပေးပါ။

Bach Long သည် ဗီယက်နမ်နိုင်ငံတွင် တတိယမြောက်မှန်ချပ်တံတားဖြစ်သည်။ 

MyanmarBuilderGuide

Global Read 327 times