ဗီယက်နမ်မှ ဒေါ်လာ ၁.၅ ဘီလီယံ လေဆိပ်စီမံကိန်း တရုတ်ကုမ္ပဏီစုကြီး တင်ဒါ မအောင်
To Get Instant Update 
https://t.me/Guid4U
JOIN THE CHANNEL 
 Airports Corporation of Vietnam မှ ဗီယက်နမ်တောင်ပိုင်းရှိ Long Thanh International Airport ၏ တာမင်နယ်တစ်ခု ဆောက်လုပ်ရန် တင်ဒါခေါ်ယူခဲ့ရာ ဝင်ပြိုင်သည့် တရုတ်ကုမ္ပဏီစုကြီး  CHEC-BCEG-Vietnam Contractors နှင့် ဗီယက်နမ်ကုမ္ပဏီစုကြီး Hoa Lu တို့ တင်ဒါ မအောင်ခဲ့ကြချေ။
Long Thanh တာမင်နယ်သည် ဒေါင် ၃၅ ထရီလီယံ (ကန်ဒေါ်လာ ၁.၄၇ ဘီလီယံ) ကုန်ကျမည်ဟု ခန့်မှန်းထားသည်။ Dong Nai ပြည်နယ်မှ Long Thanh International Airport ၏ အကြီးမားဆုံး ကန်ထရိုက် ဖြစ်သည်။
Long Thanh International Airport လေဆိပ် စီမံကိန်းပြီးစီးသည့်အခါ ဗီယက်နမ်နိုင်ငံ၏ အကြီးမားဆုံးလေဆိပ် ဖြစ်လာမည်။
Long Thanh International Airport လေဆိပ်စီမံကိန်းကို ဒေါင် ၃၃၆.၆၃ ထရီလီယံ ကုန်ကျမည်ဟု လျာထားသည်။
ဆောက်လုပ်ရေးကို အဆင့် ၃ ဆင့် ပိုင်းခြားထားသည်။ 
အဆင့်-၁ တွင် ပြေးလမ်းတစ်ခုနှင့် တာမင်နယ် တစ်ခု ဆောက်လုပ်မည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် ပြီးစီးရန် လျာထားသည်။ ပြီးစီးသည့်အခါ လေဆိပ်သည် တစ်နှစ်လျှင် ခရီးသည် ၂၅ သန်းအထိ ကိုင်တွယ်ပေးနိုင်မည်။
ဒုတိယအဆင့် အဆင့်-၂ တွင် နောက်ထပ် ပြေးလမ်းတစ်ခုနှင့် တာမင်နယ် တစ်ခု ဆောက်လုပ်မည်ဖြစ်ပြီး ၂၀၃၅ ခုနှစ်တွင် ပြီးစီးရန် လျာထားသည်။ ပြီးစီးသည့်အခါ အသုံးပြုနိုင်မည့် ခရီးသည် ဦးရေ ၂ ဆ ဖြစ်လာမည်။ လေဆိပ်သည် တစ်နှစ်လျှင် ခရီးသည် သန်း ၅၀ အထိ ကိုင်တွယ်ပေးနိုင်မည်။
တတိယအဆင့်ကို ၂၀၅၀ ခုနှစ်တွင် ပြီးစီးရန် လျာထားသည်။ ပြီးစီးသည့်အခါ အသုံးပြုနိုင်မည့် ခရီးသည် ဦးရေ ၂ ဆ ဖြစ်လာမည်။ လေဆိပ်သည် တစ်နှစ်လျှင် ခရီးသည်  သန်း ၁၀၀ အထိ ကိုင်တွယ်ပေးနိုင်မည်။
တင်ဒါဝင်ပြိုင်သည့် CHEC-BCEG-Vietnam တွင် ကုမ္ပဏီ ၅ ခု ပါဝင်ပြီး တရုတ်နိုင်ငံမှ အကြီးမားဆုံး ကုမ္ပဏီတစ်ခု ဖြစ်သည့် Harbuor Engineering က ဦးဆောင်သည်။ Harbuor Engineering သည် တရုတ်နိုင်ငံတွင် တရုတ်အစိုးရက အခြေခံအဆောက်အအုံ စီမံကိန်း အကြီးစားများကို တာဝန်ပေးလေ့ရှိသည့် ကုမ္ပဏီကြီး ဖြစ်သည်။
Hoa Lu တွင် ကုမ္ပဏီရှစ်ခုပါဝင်ပြီး ဆောက်လုပ်ရေး မဟာလုပ်ငန်းကြီး Coteccons မှ ဦးဆောင်သည်။
Ricons, Newtecons, Sol E&C အပါအဝင် ကုမ္ပဏီ ၁၀ ခု ပေါင်းစည်းထားသည့် ဗီယက်နမ် ကုမ္ပဏီစု Vietur နှင့် တူရကီမှ IC Istas တို့သည် လေဆိပ်အတွက် နည်းပညာဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီပါသည်။ သို့ဖြစ်ရာ စိစစ်သည့် နောက်တဆင့် ဆန်ကာတင် စာရင်းတွင် ပါဝင်သည်ဟု Airports Corporation of Vietnam (ACV) က ပြောကြားသည်။
Vietur သည် စီမံကိန်း၏ နည်းပညာဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ကြောင်း သက်သေပြနိုင်ခဲ့သည်။ သို့သော် ဘဏ္ဍာရေး တောင့်တင်းကြောင်း ပြသနိုင်ဖို့ လိုအပ်နေသည်။
သို့ဖြစ်ရာ နောက်တစ်ဆင့် စိစစ်သည့်အခါ ဘဏ္ဍာရေး အစီအစဉ်ကို အားရကျေနပ်စရာ ကောင်းအောင် တင်ပြပေးရန် လိုအပ်သည်။ Vietur ကို ဩဂုတ်လအတွင်းမှာ စိစစ်အကဲဖြတ်မည်။ 
Source vnexpress 
To Get Instant Update 
https://t.me/Guid4U
JOIN THE CHANNEL