ရင်းနှီးမြှုပ်နှံလိုသူများလျှောက်ထားနိုင်သော မန္တလေးက မြေလွတ်မြေရိုင်းများ


13 December, 2019

မန္တလေးတိုင်းဒေသကြီးအတွင်း မြေလွတ်မြေရိုင်း ဧက ၆၂၇,၁၄၉ ဧကကို ရင်းနှီးမြှုပ်နှံလိုသူတွေအနေနဲ့ လျှောက်ထားနိုင်တယ်လို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဆီက သိရပါတယ်။
 
မန္တလေးတိုင်းအတွင်းမှာ အစိုးရနဲ့ပုဂ္ဂလိက ပေါင်းစပ်လုပ်ဆောင်တဲ့ မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်း၊ မကြာခင်စတင်နိုင်တော့မယ့် New Man-dalay Resort City စီမံကိန်း (ပြင်ဦးလွင်)၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအဖြစ် အမရပူရမြို့ပြစီမံကိန်း၊ ရေတံခွန်တောင်မြို့ပြစီမံကိန်း၊ New Star Light Group စီမံကိန်း တွေဖြစ်တယ်လို့ သိရပါတယ်။
 
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ခုနစ်ခုက၂၁၂၇ ဦးနဲ့ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၁၄ ခုက ၁၆၄၈ ဦး၊ စုစုပေါင်း ၃၇၇၅ ဦးကို အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
 
အားလုံးကို ဖိတ်ခေါ်
 
“မန္တလေးမြို့ကို Smart City သွားတဲ့အခါ Safe City ကို အရင်စလုပ်ရာမှာ တရားဥပဒေစိုးမိုးရေးအတွက် လုပ်နေတယ်၊ ဒါမှလဲ ရင်းနှီးမြှုပ်နှံမှုတွေ လာမှာပါ၊ မန္တလေးမှာ လာရောက်ရင်းနှီးမြှုပ်နှံမယ်ဆိုရင် လွယ်ကူချောမွေ့အောင်လုပ်ပေးပါ့မယ်၊ မြေလိုချင်ရင်လဲ ရှာပေးပါ့မယ်၊ မန္တလေးတိုင်းဒေသကြီးအတွက်သာမက နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒုတိယအင်ဂျင်တစ်ခုဖြစ်အောင် ရင်းနှီးမြှုပ်နှံမှုအားလုံးကို ဖိတ်ခေါ်ပါတယ်”လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
 
ပုဂ္ဂလိကလုပ်နေတာတွေ အစိုးရနဲ့ဖက်စပ်တွေရှိနေပြီး မန္တလေးမှာ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးနိုင်မယ့် အခွင့်အလမ်းတွေရှိနေတယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
  
တချို့ဟာတွေဆို တင်ဒါထပ်ခေါ်မှာဖြစ်ပြီး ပြည်တွင်းလုပ်ငန်းရှင်တွေ အခွင့်အလမ်းကောင်းတွေရှိနေတဲ့ ကုမ္ဗဏီတွေအတွက် ပွဲစားလုပ်ပေးနေတာမဟုတ်ဘူးလို့ ၎င်းက ဆိုပါတယ်။
 
မန္တလေးတိုင်းကို ဖြတ်သန်းမယ့် ကုန်သွယ်ရေးလမ်းပိုင်း ငါးခုမှာ ရန်ကုန်-မကွေး-ကျောက်ပန်းတောင်း-ညောင်ဦး-မုံရွာ-နမ္မတီး(အ-၅)လမ်းပိုင်း၊ ရန်ကုန်-မန္တလေး-မြစ်ကြီးနား-ပူတာအို (အ-၇)လမ်းပိုင်း၊စစ်တွေ-ချောက် -ကျောက်ပန်းတောင်း-မိတ္ထီ လာ-ဘုရားငါးဆူ-ကျိုင်းတုံ-မိုင်း လား(အ-၁၆)လမ်းပိုင်း၊ဟားခါး-စစ်ကိုင်း-မြစ်ငယ်-ထုံးဘို-ပြင်ဦး လွင်-ချင်းရွှေဟော်(အ-၁၈) လမ်းပိုင်းတို့အပြင် မန္တလေး-လားရှိုး-မူဆယ်ရထားလမ်းပိုင်းနဲ့ အိန္ဒိယ-တရုတ်-ထိုင်းနိုင်ငံတွေနဲ့ ဆက်သွယ်တဲ့ အာဆီယံလမ်းပိုင်းတို့ ဆုံရာဖြစ်တဲ့အတွက် နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အဓိက သွေးကြောဖြစ်တဲ့ ကုန်စည်ကူးသန်းဆက်သွယ်နေတဲ့ ဆုံရပ်ဖြစ်တယ်လို့ သိရပါတယ်။
 
မန္တလေးတိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်လိုသူတွေကို လွယ်ကူချောမွေ့အောင် ကူညီပေးမှာဖြစ်တဲ့အတွက် ဆောင်ရွက်နေတဲ့စီမံကိန်း ငါးခုကို တိုင်းဒေသကြီးဝန်ကြီးချုပ်က မတ် ၂၃ ရက် နံနက်ပိုင်းက Convention Center မှာ Mandalay International Trade Fair & Business Forum 2019 အခမ်းအနားဖွင့်လှစ်ရာမှာ ဖိတ်ခေါ်ခဲ့ပါတယ်။

Region Read 37 times