US ၀.၃၃၈ သန်းတန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၄၂၀၀ ကျော် နယ်စပ်ကုန်သွယ်မှုမှ တင်သွင်း


07 October, 2022

စက်တင်ဘာလ ဒုတိယပတ်နှင့် တတိယပတ်အတွင်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၀.၃၃၈ သန်းတန်ဖိုးရှိ ဘိလပ်မြေ တန်ချိန် ၄,၂၀၀ ကျော်ရှိ တင်သွင်းခဲ့သည်။

 

ပင်လယ်ရေကြောင်းကုန်သွယ်မှုတွင် မလေးရှားနိုင်ငံမှ အမေရိကန်ဒေါ်လာ ၀.၀၂၄ သန်းတန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၁၃၀ ကျော်ကို တင်သွင်းခဲ့သည်။

 

ဩဂုတ်လတွင် အမေရိကန်ဒေါ်လာ ၀.၂၇၂ သန်းတန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၂၈၀၀ တင်သွင်းခဲ့ပြီး ထိုင်းနိုင်ငံမှ ဘိလပ်မြေတန်ချိန် ၂၆၀၀၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၁၂၀ ကျော်၊ ပြင်သစ်မှ နှစ်တန်ကျော်နှင့် မလေးရှားမှ တန်ချိန် ၁၃၀ ခန့် တင်သွင်းခဲ့သည်။

 

ဘိလပ်မြေဈေးကွက်သည် ပုံမှန်အနေအထားတွင်ရှိပြီး ဈေးနှုန်းတည်ငြိမ်သည်။ ပေါက်ဈေးမှာ ကြံ့နှစ်ကောင် (အနီ) တစ်အိတ်လျှင် ကျပ် ၉,၆ဝဝ ဖြစ်သည်။

 

GNLM

#Myanmar Builder Guide

Local Construction Materials Read 397 times