ရန်ကုန်မြို့ရှိ အမေရိကန်ဒေါ်လာ ၃.၄ သန်းတန် မြို့လမ်းသာ စီမံကိန်း


01 January, 2020

ရန်ကုန်ရှိ ဗြိတိသျှသံရုံးက ယူကေအစိုးရ၏ အမေရိကန်ဒေါ်လာ ၃.၄ သန်းတန် မြို့လမ်းသာစီမံကိန်းကို အသိပေးကြေငြာခဲ့သည်။

မြို့နေပြည်သူများအနေနဲ့အများ ပြည်သူအသုံးပြုရာနေရာတွေကို  ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်ဖို့အတွက် ရန်ကုန်မြို့ရှိ လမ်းနှစ်လမ်းကို ပြန်လည်ဒီဇိုင်းရေးဆွဲနိုင်ရန် ယူကေအစိုးရက အမေရိကန်ဒေါ်လာ ၃.၄ သန်း ပံ့ပိုးကူညီထားသော စီမံကိန်းကို စတင်မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ မြို့လမ်းသာစီမံကိန်းက ပန်းဆိုးတန်းလမ်းနဲ့ ကျွန်းတောလမ်း အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်ဆောင်ရွက်ရာမှာ ရပ်ကွက်နေပြည်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ လမ်းအသုံးပြုသူများနဲ့ အသေးစိတ် ညှိနှိုင်းတိုင်ပင်သွားမှာဖြစ်ပါတယ်။ မသန်စွမ်းသူတွေ၊ အမျိုးသမီးများ၊ မိန်းကလေးငယ်များနဲ့  အသက်အရွယ်မရွေး ပါ၀င်တဲ့ လူမှုအသိုင်းအဝိုင်းအားလုံးအတွက် အကျိုးရှိစေရန် ကျား၊ မတန်းတူညီမျှရေး နဲ့ အားလုံးအကျုံး၀င်ပါဝင်မှုကို အဓိကအလေးပေး‌လုပ်‌ဆောင်သွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့အပြင် မြန်မာနိုင်ငံရှိ အခြားမြို့ကြီးတွေမှာလည်း ပိုမိုကောင်းမွန်တဲ့ အများပြည်သူဆိုင်ရာနေရာတွေ ဖန်တီးပေးနိုင်ရန် ဒီစီမံကိန်းက စံနမူနာကောင်းတစ်ခုအဖြစ်သာမက သဘာ၀ပတ်ဝန်းကျင်ရေရှည်တည်တံ့ပြီး မျှတတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်တဲ့၊ သွားလာရေး ပိုမိုလွယ်ကူပြီး လုံခြုံစိတ်ချရတဲ့ လမ်းတွေ ဖန်တီးပေးဖို့ ဒီစီမံကိန်းက လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

 မြို့လမ်းသာ စီမံကိန်းသည် ပန်းဆိုးတန်းလမ်းနှင့် ကျွန်းတောလမ်းကို လှပတင့်တယ်သည့် ဒီဇိုင်းများ ထုတ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အနီးကပ်ပူးပေါင်းပြီး အဆင့်မြှင့်တင်သွားမည်ဖြစ်သည်။ မသန်စွမ်းသူများ၊ အမျိုးသမီးများ၊ မိန်းကလေးများနှင့် အသက်အရွယ်မရွေးသူများအပါအ ၀ င်လူမှုအသိုင်းအဝိုင်းအားလုံးအတွက်အကျိုးရှိစေရေးအတွက် ကျား၊ မတန်းတူညီမျှမှုနှင့် အားလုံးအကျုံးဝင်ရေးကို အာရုံစိုက်မည့်စီမံကိန်း ဖြစ်သည်ဟု ဆိုသည်။

Region Infrastructure and Zones Read 79 times