UPG Office Tower


26 October, 2020

UPG Office Tower သည် နာမည်ကြီး သင်္ဘောဆေး ကုမ္ပဏီဖြစ်သည့် United Paint Group မှ တည်ဆောက်မည့် ရုံးခန်း အဆောက်အဦး ဖြစ်ပါသည်။

ထိုအဆောက်အဦးသည် လက်ရှိဆောက်လုပ်လျှက်ရှိပြီး သူတို့၏ ရုံးချုပ်ဖြစ်လာမည်ဟု သိရသည်။

တည်နေရာမှာ ပြည်လမ်း၊ စမ်းချောင်းမြိ့နယ်၊ မြေနီကုန်းဂုံးကျော်တံတားဘေးတွင် တည်ဆောက်လျှက်ရှိသည်။ မြေဧက ဝ.၁၆ ပေါ်တွင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ထိုရုံးခန်းသည် မြေပေါ် ၁၂ ထပ်မြင့်ပြီး မြေအောက်ခန်း ၂ ထပ် ပါဝင်သည့် ရုံးခန်း တာဝါတစ်လုံးဖြစ်ပါသည်။

အဆောက်အဦးဒီဇိုင်းကို စင်္ကာပူမှ ဗိသုကာပညာရှင် a + p group  မှ တာဝန်ယူ၍ ဒီဇိုင်းကို ရေးဆွဲပေးထားပြီး ကြမ်းခင်းဧရိယာမှာ  ၄,၁၅၅ စတုရန်းမီတာ ရှိကြောင်း သိရသည်။

ဆောက်လုပ်ရေးမစခင် survey ကို Future Landmark Surveying Group မှ လုပ်ဆောင်ပေးခဲ့ပါသည်။  ထိုစီမံကိန်း၏ ဆောက်လုပ်ရေးကို WPA Project Management မှ စီမံခန့်ခွဲပေးမည်ဖြစ်သည်။

ပိုင်ရိုက်ခြင်းကို မြန်မာကုမ္ပဏီ Joyance International မှ ပြုလုပ်ပေးမည်ဖြစ်သည်။

အဆောက်အဦးနှင့်ပတ်သက်သော လိုအပ်သည့် ပစ္စည်းများကို WPA  Project Management မှ တာဝန်ယူထားသည်ဟု သိရသည်။

ဤစီမံကိန်းမှာ ၂၀၁၇-၂၀၁၈ ခုနှစ်လောက်တွင် ပြီးမည်ဟုသိရသည်။

Company Country of Origin Role
UPG မြန်မာ တည်ထောင်သူ
a+p group စင်္ကာပူ ဗိသုကာဒီဇိုင်း
Joyance International မြန်မာ ပိုင်လုပ်ငန်း
WPA Project Managment မြန်မာ ဆောက်လုပ်ရေးစီမံခန့်ခွဲရေး
Future Landmark Surveying Group မြန်မာ ဆောက်လုပ်ရေးအကြိုဆာဗေး
Office and Retail Read 37 times