လိုသလို အခန်းဖွဲ့နိုင်စေမယ့် ပရိဘောဂဒီဇိုင်း


05 January, 2022

လိုသလို အခန်းဖွဲ့နိုင်စေမယ် ပရိဘောဂဒီဇိုင်း


ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ တည်ဆောက်မယ့်  Van B အမည်ရှိ လူနေတိုက်တာအတွက် တိုက်ခန်းအတွင်း လိုသလို အခန်းဖွဲ့နိုင်မယ့် ပရိဘောဂများဖြင့် အမ်စတာဒမ် အခြေစိုက် UNStudio က ဒီဇိုင်းထုတ်ခဲ့ပါတယ်။
၆ ထပ်အဆောက်အဦမှာ အခန်း ၁၄၂ ခန်း ပါဝင်ပြီး တိုက်မှာ နေထိုင်သူတွေအတွက် အများသုံး နေရာတစ်ခုလည်း ပါဝင်ပါတယ်။
UNStudio က တိုက်ခန်းအတွင်း ကြမ်းခင်းဧရိယာပေါ်မှာ အခန်းဖွဲ့ဖို့အတွက် ပရိဘောဂတွေကို အခန်းကန့်တဲ့နံရံ partition များအဖြစ် သုံးစွဲ လို့ရအောင် ဒီဇိုင်းထုတ်ပေးထားပြီး ပရိဘောဂတွေကို နေရာပြောင်းရွှေ့ပေးခြင်းဖြင့် ကန့်ထားတဲ့အခန်းတွေကို လိုသလို ကစားနိုင်မှာ ဖြစ်ပါတယ်။

 


၁၅,၉၄၅ စတုရန်းမီတာ မြေဧရိယာပေါ်မှာ အဆောက်အဦကို ဆောက်လုပ်ဆဲ ဖြစ်ပါတယ်။
အိပ်ခန်း ၁ ခန်းပါတိုက်ခန်း၊ အိပ်ခန်း ၂ ခန်းပါတိုက်ခန်းနဲ့ အိပ်ခန်း ၃ ခန်းပါတိုက်ခန်း အရွယ်အစား ၃ မျိုး ပါဝင်ပါတယ်။ ခေါင်းမိုးပြားပေါ်မှာ အများသုံးဧရိယာ ဖန်တီးပေးထားပါတယ်။

အခန်းတိုင်းမှာ ဝရံတာ ထည့်ပေးထားပါတယ်။

ပြတင်းပေါက်တွေကို အပြင်ဘက် အန်ထုတ်ပေးထားပါတယ်။

 

 

Interior Decoration Read 972 times