ထိုင်းတွင် အခန်းများ ရောင်းချပြီးသားကွန်ဒို ဆောက်လုပ်ခွင့်ပါမစ် ဥပဒေနှင့်မညီဟု တရားရုံးချုပ် စီရင်ချ


29 July, 2023

ထိုင်းတွင် အခန်းများ ရောင်းချပြီးသားကွန်ဒို ဆောက်လုပ်ခွင့်ပါမစ် ဥပဒေနှင့်မညီဟု တရားရုံးချုပ် စီရင်ချက်ချ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

အထက်တန်းစား ကွန်ဒိုမီနီယံတစ်ခုဖြစ်သည့် Ashton Asoke သည်  ဥပဒေနှင့် မညီညွှတ်သဖြင့် တရားစွဲဆိုမှုသည် ၇ နှစ်ကြာ ကြာမြင့်ခဲ့ပြီး ဇူလိုင် ၂၇ တွင် စီရင်ချက်ချခဲ့သည်။

ကမ္ဘာကြီး ပူနွေးလာမှု ရပ်တန့်ရေး အဖွဲ့၏ ဥက္ကဋ္ဌ တက်ကြွလှုပ်ရှားသူ Srisuwan Janya သည် ၎င်းကွန်ဒိုအနီးတဝိုက်တွင် နေထိုင်ကြသူများ ပါဝင်သော အုပ်စုကို ဦးဆောင်ပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အုပ်ချုပ်ရေးတရားရုံးချုပ်က ချမှတ်ထားသော စီရင်ချက်တွင် ၎င်းကွန်ဒို စီမံကိန်း ဆောက်လုပ်ခွင့်ပါမစ်သည် တရားမဝင်ဟု ဆုံးဖြတ်ထားသည်။

အထပ်ပေါင်း ၅၀ ပါ အထက်တန်းစားကွန်ဒိုစီမံကိန်းတွင် အခန်းပေါင်း ၇၈၃ ခန်းပါသည်။
အခန်း၀ယ်ယူထားသူ ၅၈၀ ခန့်သည် ယခုအခါ တရားရုံး၏ စီရင်ချက်အရ တရားမဝင် ဆောက်လုပ်ထားသည့် ကွန်ဒိုတွင် နေထိုင်ကြသုများ ဖြစ်သွားကြသည်။


သူက ဘန်ကောက် မြို့ပြ အုပ်ချုပ်ရေး Bangkok Metropolitan Administration (BMA) မှ တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ခုဖွဲ့ပြီး ဥပဒေနှင့် မညီညွှတ်သော ဆောက်လုပ်ခွင့်ပါမစ် အတည်ပြုပေးခဲ့သည့် တာဝန်ရှိသူအားလုံးကို စစ်ဆေးကြားနာပေးဖို့ တောင်းဆိုမည်ဟု ပြောကြားသည်။ ၎င်းတာဝန်ရှိသူများကို ဥပဒေနှင့်မညီသော ပါမစ်ကို အတည်ပြုပေးခဲ့ကြသည့်အတွက် တာဝန်ယူစေရမည်ဟု ၎င်းက ပြောကြားသည်။
Ashton Asoke ကို အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်း Ananda Development Plc. က ဆောက်လုပ် ရောင်းချခဲ့ပါသည်။

 


အဆိုပါ တရားစီရင်ချက်သည် အိုးအိမ်တိုက်တာကဏ္ဍတွင် အကြီးအကျယ် ဂယက်ရိုက်သွားသည်။
အနည်းဆုံး အိမ်ရာစီမံကိန်း ၁၃ ခု၊ ဈေးစီမံကိန်း ၁၀၀ ကျော်တို့သည် အစိုးရမြေကို Ashton Asoke ရယူပြီး ရောင်းချသည့် နည်းလမ်းကို သုံးစွဲထားကြသည်။  သို့ဖြစ်ရာအလားတူပင် ဥပဒေအရ အရေးယူခံရမည့်အရေးနှင့် ရင်ဆိုင်နေရသည်။

 

ကမ္ဘာကြီး ပူနွေးလာမှု ရပ်တန့်ရေး အဖွဲ့သည် Ashton Asoke ကွန်ဒိုစီမံကိန်း အနီးတဝိုက်ရှိ Sukhumvit 19 Yaek 2 တွင် နေထိုင်သူ ၁၅ ဦးနှင့်အတူ ၂၀၁၆ ခုနှစ်တွင် တရားစွဲဆိုမှု စတင်ခဲ့ကြသည်။ Watthana ခရိုင်မှူးနှင့် အခြား ခရိုင်အရာရှိ ၄ ဦးတို့ကို ၎င်းကွန်ဒိုစီမံကိန်းအတွက် ဆောက်လုပ်ခွင့်ပါမစ် အတည်ပြုပေးခဲ့ခြင်းအပေါ် တရားစွဲဆိုခဲ့ကြသည်။ 

BMA မှ  Department of Public Works ရှိ အဆောက်အဦ ထိန်းချုပ်ရေးဌာနမှ တာဝန်ရှိသူများ၊ BMA မှ Traffic and Transport Department မှ တာဝန်ရှိသူများသည်လည်း အမှားကျူးလွန်ခဲ့ကြသည်ဟု အသင်းက ပြောကြားသည်။ 

ဆောက်လုပ်ရေးပါမစ် ဥပဒေနှင့် မညီသည့် အဓိကအချက်မှာ ဝင်ပေါက် ဖြစ်သည်။ အထပ်မြင့် အဆောက်အဦ ဝင်ပေါက်သည် အဆောက်အဦ ထိန်းချုပ်ရေး ဥပဒေအရ အနည်းဆုံး ၁၂ မီတာ ကျယ်ရမည်။ ဘေးကင်းရေး အကြောင်းပြချက်များအတွက် လူအများသွားလာသည့် လမ်းတစ်ခုနှင့် ချိတ်ဆက်ထားရမည်။ ဥပမာ မီးလောင်သည့်အခါ လမ်းနှင့် နီးမှ မီးသတ်ကားများ လာရန် လွယ်ကူမြန်ဆန်မည်။ 

ဆောက်လုပ်ထားသည့် မြေတွင် Mass Rapid Transit Authority of Thailand (MRTA)  ပိုင်ဆိုင်သည့်မြေဧရိယာ ပါဝင်နေသည်။ သို့ဖြစ်ရာ အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းနှင့် MRTA တို့ ချုပ်ဆိုသည့် သဘောတူစာချုပ်တွင် MRTA ကို ဝင်ပေါက်အဖြစ် အသုံးပြုရန် သဘောတူညီချက် ပါဝင်သည်။ ထိုသို့ အသုံးပြုခွင့် ပေးခြင်းသည်လည်း အထက်ဖော်ပြပါအချက်အရ ဥပဒေနှင့် မညီညွှတ်ချေ။

Ananda Development Plc. သည်  သက်ဆိုင်ရာ အစိုးရဌာန ၈ ခုထံမှ ပါမစ်များနှင့်အတူ ဆောက်လုပ်ခွင့် ပါမစ်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်တွင် ရရှိခဲ့သည်။ ၎င်း၏ ဖက်စပ်လုပ်ငန်း Ananda MF Asia Asoke Co က Ashton Asoke ကွန်ဒို စီမံကိန်းကို အကောင်အထည်ဖော်ခဲ့သည်။ 

Ananda Development Plc. သည် ၎င်း၏ ဖက်စပ်လုပ်ငန်း Ananda MF Asia Asoke Co ကိုယ်စား ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ကုမ္ပဏီသည် တရားရုံး၏ စီရင်ချက်ကို လေးစားလိုက်နာပါသည်။ ပါမစ်များ ထုတ်ပေးခဲ့ကြသည့် အစိုးရဌာနများသည် Ashton Asoke  ကွန်ဒိုစီမံကိန်း ထိခိုက်နစ်နာ ဆုံးရှုံးခြင်းများအတွက် တာဝန်ယူရန် တောင်းဆိုထားသည်။ 

Source bangkokpost

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Laws and Regulations Read 365 times