ရန်ကုန်မြို့တွင်တည်ဆောက်မည့် ကုန်သည်စက်မှုအသင်းချုပ် တက္ကသိုလ်


02 November, 2020

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့်ထိုင်းနိုင်ငံကုန်သည်စက်မှုအသင်း၏ တက္ကသိုလ် University of the Thai Chamber of Commerce (UTCC) တို့ပူးပေါင်း၍ ရန်ကုန်မြို့တွင်ကုန်သည်စက်မှုအသင်းချုပ်တက္ကသိုလ်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့တည်ဆောက်ရန်ဝန်ကြီးဌာနအဆင့်သို့တင်ပြထားကြောင်းပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှဒုတိယဥက္ကဌမှပြောကြားသည်။

ထို့သို့တက္ကသိုလ်ဖွင့်လှစ်နိုင်ရေးအတွက်သင်ကြားပေးရန်ဆရာ၊ ဆရာမများရှိနေပြီး ယင်းတက္ကသိုလ်တွင် MBA ဘွဲ့အပြင်တခြားသောနည်းပညာဆိုင်ရာသင်တန်းများလည်းဖွင့်လှစ်မည်ဖြစ်သည်။

ထို့ပြင်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ပုဂ္ဂလိကစီးပွားရေးအခန်းကဏ္ဍလုပ်ငန်းခွင်မှ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့်နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်ရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာစီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ကို ၂၀၁၅ ခုနှစ်စတင်ဖွင့်လှစ်ခဲ့ရာယခုအခါစိတ်ပါဝင်စားသူ အရေအတွက်တိုးတက်လာသောကြောင့်တက္ကသိုလ်အဆင့်ထိ တိုးချဲ့ဖွင့်လှစ်နိုင်ရန်စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

Myawaddy newspaper 

Local Office and Retail Read 33 times