မြစ်အောက် ဥမင်ကားလမ်း ဘင်္ဂလားဒေ့ရှ်တွင် စတင်အသုံးပြု


31 October, 2023

မြစ်အောက် ဥမင်ကားလမ်း ဘင်္ဂလားဒေ့ရှ်တွင် စတင်အသုံးပြု

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ရှိ Bangabandhu Sheikh Mujibur Rahman ဥမင်လိုဏ်ခေါင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက် စနေနေ့တွင် ဖွင့်လှစ်ခဲ့သည်။


 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံးဖြစ်သော  မြစ်ရေအောက် ဥမင်ကားလမ်းကို စနေနေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက အဦးဆုံး အသုံးပြုသူအဖြစ် အသုံးပြုခ ပေးဆောင်ပြီး ဥမင်ကားလမ်းကို ဖြတ်သန်းခဲ့သည်။
 ၎င်းဥမင်ကားလမ်း အမည်ကို ဘင်္ဂလားဒေ့ရှ်၏ လွတ်လပ်ရေး ဗိသုကာကြီးဖြစ်သော ရှိတ် မူဂျီဘာ ရာမန်ကို ဂုဏ်ပြုသောအားဖြင့် အမည်ပေးထားခြင်း ဖြစ်သည်။

ဥမင်သည် မြို့တော် ဒါကာ အရှေ့တောင်ဘက် ၂၄၂ ကီလိုမီတာတွင် တည်ရှိသည်။ ဘင်္ဂလားဒေ့ရှ် အစိုးရ၏ ရန်ပုံငွေနှင့် တရုတ်ပြည်မှ ချေးငွေတို့ဖြင့် စီမံကိန်းကို အကောင်အထည်ဖော်ခဲ့သည်။ အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံဝန်းကျင် ကုန်ကျပြီး ထက်ဝက်ကို Exim Bank of China ထံမှ နှစ် ၂၀ ချေးငွေ အသုံးပြုသည်။ အခြေခံ အတိုးနှုန်းမှာ ၂% ဖြစ်ပါသည်။ 
တရုတ်နိုင်ငံမှ  China Communications Construction Company Ltd. CCCC က ကန်ထရိုက်ရယူပြီး  တရုတ် ဒီဇိုင်း၊ နည်းပညာ၊ စံချိန်စံညွှန်းများဖြင့် ဆောက်လုပ်ခဲ့သည်။ 
ဥမင်ကို ကာနာဖူလီမြစ်ကြီး အောက်ဘက်မှာ တည်ဆောက်ထားသည်။

 

 

ဥမင်သည် အကောင်အထည်ဖော်ရန် အဆိုပြုထားသည့် ဒါကာ-စစ်တကောင်း-ကော့ဘဇား အမြန်လမ်းမကြီးနှင့် ချိတ်ဆက်မည် ဖြစ်သည်။ စစ်တကောင်းမှ ကော့ဘဇာသို့ ကားလမ်းခရီး အကွာအဝေး ၄၀ ကီလိုမီတာ လျှော့ချပေးသည်။
ဥမင်လမ်း အစအဆုံး အလျား ၉.၃၉ ကီလိုမီတာ (၅.၈၃ မိုင်) ရှိသည်။ ဥမင်အလျား ၃.၄၃ ကီလိုမီတာ ရှိသည်။ ဥမင်၏ အချင်းမှာ ၁၀.၈၀ မီတာ ရှိသည်။
Source khmertimeskh 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Infrastructure and Zones Region Read 785 times