ဘယ်လိုအခြေအနေမျိုးမှာ အခန်းကြိုတင်ရောင်းချခွင့် ရှိမလဲ


27 February, 2019

စုပေါင်းပိုင်အဆောက်အအုံ(ကွန်ဒို)ဆိုင်ရာ ဆောက်လုပ်ခွင့်လိုင်စင် ရရှိပြီးသူများအနေဖြင့် ဖောင်ဒေးရှင်း ၃၀ ရာခိုင်နှုန်း ပြီးစီးပါက အခန်းကြိုတင်ရောင်းချခွင့် ရှိမည်ဖြစ်ကြောင်း စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ မှတ်ပုံတင်ရုံးမှ သိရသည်။

          စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ မှတ်ပုံတင်ရုံးကို ယခုလဆန်းတွင် ဖွင့်လှစ်ခဲ့ပြီးနောက် လုပ်ငန်းလိုင်စင် လျှောက်ထားသည့်ကုမ္ပဏီ ၁၆ ခု အနက် ၁၂ ခု ကို လိုင်စင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

          လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် တည်ဆောက်ပြီးစီးသည့် အဆောက်အအုံများအတွက်သော်လည်းကောင်း၊ တည်ဆောက်ဆဲအဆောက်အအုံများအတွက်သော်လည်းကောင်း၊ စတင်ဆောက်လုပ်မည့် အဆောက်အအုံအတွက်သော်လည်းကောင်း လျှောက်ထားရမည်ဖြစ်ပြီး အဆောက်အအုံများ တည်ဆောက်ပြီးစီး၍ အခန်းပိုင်ရှင်များထံ အခန်းများ လွှဲပြောင်းပေးအပ်ရာတွင်လည်း အုံနာဘုတ်ကို မှတ်ပုံတင်ရုံးမှ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

          ပထမဆုံးအကြိမ် လိုင်စင်ချထားပေးမည့် ကုမ္ပဏီများမှာ Shwe Taung Development Co.,ltd.၊ ae Paing Development ltd.၊ တက်လမ်းကုမ္ပဏီ၊ ဒဂုန်အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်၊ ရွှေဇမ္ဗူဒိပ်ဆောက်လုပ်ရေး၊ Myanmar Imperial Vega Co.,ltd.၊ One One One Co.,ltd.၊ ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီ၊ Nation Light Co.,ltd.၊ Mandalay Golden Wings Construction ltd၊ Living Square Construction Co.,ltd. နှင့် နေကမ္ဘာမြန်မာဆောက်လုပ်ရေး ကုမ္ပဏီ တို့ ဖြစ်ကြောင်း သိရသည်။

Real Estate & Properties Read 66 times