ဘန်ကောက် ကျောက်ဖယားမြစ်ကမ်းမှ ဘတ် သန်း ၅၀၀ ကျော်တန် လုံးချင်းအိမ် ၁၁ လုံး စီမံကိန်း


17 July, 2023

ဘန်ကောက် ကျောက်ဖယားမြစ်ကမ်းမှ ဘတ် သန်း ၅၀၀ ကျော်တန် လုံးချင်းအိမ် ၁၁ လုံး စီမံကိန်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ဘန်ကောက်မြို့ ခေါင်ဆန် ဧရိယာ ကျောက်ဖယားမြစ်ကမ်းမှာ တည်ရှိတဲ့ လုံးချင်းအိမ် တစ်လုံးကို ဘတ် ၅၁၅ သန်း ရောင်းဈေးသတ်မှတ်ထားပြီး စုစုပေါင်း ၁၁ လုံး ဆောက်လုပ်မယ့် အိမ်ရာစီမံကိန်းကို Altitude Development က အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ 
၎င်းအိမ်ရာ စီမံကိန်းက ultra-luxury residence အတန်းအစား ဖြစ်ပါတယ်။


developer  က ဘတ် ၅၁၅ သန်းဖြင့် ဝယ်မယ့်  ချမ်းသာတဲ့ ထိုင်း သို့မဟုတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ အနည်းဆုံး ၁၁  ဦး ရှိမယ်လို့ ယုံကြည်ပါတယ်။
စီမံကိန်းတန်ဖိုးက ဘတ် ၂.၇၄ ထရီလီယံ ဖြစ်ပြီး အကျယ်အဝန်းက ၅ ရိုင် ဖြစ်ပါတယ်။

ဝယ်ယူသူက နိုင်ငံခြားသားဆိုရင် မြေနှင့်တကွ အိမ်ရာ ပိုင်ဆိုင်ခွင့် ရရှိသူ ဖြစ်ဖို့ လိုအပ်ပါတယ်။ 

နိုင်ငံခြားသားများ မြေဝယ်ခြင်းဆိုင်ရာ စည်းမျဥ်းစည်းကမ်းများကို ဖြေလျော့ ပြင်ဆင်ရန် ယမန်နှစ်က ပြည်ထဲရေးဝန်ကြီးဌာန ဆောင်ရွက်ချက်အပေါ်  လူထုကြား ပွဲဆူသွားပြီး ဆန့်ကျင်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။

တကယ်တော့ နိုင်ငံခြားသား အုပ်စု ၄ မျိုးကို ၂၀၀၂ ခုနှစ်ကတည်းက ထိုင်းနိုင်ငံမှာ မြေ ၁ ဧက ထက် မပိုတဲ့မြေကို ဝယ်ယူရန် ခွင့်ပြုထားပါတယ်။
 အုပ်စု ၄ မျိုးမှာ သူဌေး၊ အငြိမ်းစား၊ ထိုင်းနိုင်ငံမှာ နေထိုင်ရင်း အခြားနိုင်ငံရှိ ကုမ္ပဏီမှာ work from home လုပ်ကိုင်သူ၊ အထူးကျွမ်းကျင်ပညာရှင်တို့ ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ ဝင်ငွေအဆင့်အတန်း သတ်မှတ်ချက်တွေ ပြဋ္ဌာန်းထားပါတယ်။ 

မြေကို လူနေထိုင်ရန် အတွက်သာ ဝယ်နိုင်ပါတယ်။ ဝယ်တဲ့ နိုင်ငံခြားသားက ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အနည်းဆုံး ဘတ် သန်း ၄၀ ကို အနည်းဆုံး ၅ နှစ် ပြုထားသူ ဖြစ်ရပါမယ်။ 

ယမန်နှစ်က ပြည်ထဲရေးဝန်ကြီးဌာနက စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုကာလကို ငါးနှစ်အစား သုံးနှစ်လို့ လျှော့ချသတ်မှတ်ဖို့ ကြိုးပမ်းခဲ့ရာမှာ လူမှုကွန်ရက်မှာ ပွဲဆူပြီး ဝေဖန်ကြတာကြောင့် နောက်ဆုတ်လိုက်ရပါတယ်။

 အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်း Property Perfect Plc. ကလည်း ultra-luxury residence ကလည်း အလားတူ အိမ်ရာများ ဆောက်လုပ်မယ့် အစီအစဉ် ရှိပါတယ်။ 
 Property Perfect ၏ မန်နေဂျင်းဒါရိုက်တာ Wongsakorn Prasivipat က ဘန်ကောက်ရှိ ဇိမ်ခံအိမ်များ ၀ယ်လိုအား မြင့်တက်လာမယ်လို့ မျှော်လင့်ကြောင်း ပြောကြားပါတယ်။

သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးတွင် ချမ်းသာသော စီးပွားရေး လုပ်ငန်းရှင် အများအပြားက အိမ်ကြီးရခိုင်တစ်လုံး လိုချင်ကြကြောင်း ၎င်းက ပြောကြားပါတယ်။

သူ့ကုမ္ပဏီက ဆောက်ထားတဲ့ ဇိမ်ခံအိမ်တွေရဲ့ ၄၀ ရာခိုင်နှုန်းကို နိုင်ငံခြားသားတွေက ဝယ်ယူကြောင်း ၎င်းက ပြောကြားပါတယ်။
၎င်း ၄၀ ရာခိုင်နှုန်းမှာ ၃၀% မှာ တရုတ်နိုင်ငံသားများဖြစ်ပြီး ၁၀% မှာ အခြားနိုင်ငံများမှ ဖြစ်ကြောင်း ၎င်းက ပြောကြားပါတယ်။

အချို့သော တရုတ်စီးပွားရေးသမားများက လေဆိပ်အနီး Kingkaew ဧရိယာရှိ ရေကန်ဘေးတွင် အိမ်တစ်လုံးဝယ်ရန် ဘတ်ငွေ သန်း ၁၆၀ အထိ ပေးကြကြောင်း ၎င်းက ပြောကြားပါတယ်။
ရေကန်နှင့် ဝေးသည့်နေရာတွင် အနည်းဆုံး ဘတ် သန်း ၃၀ ပေါက်ဈေး ရှိပါတယ်။


Sansiri Plc က  ဘတ်ငွေ ၆ ဘီလီယံတန် ဇိမ်ခံအိမ်ရာစီမံကိန်း Narasiri Krungthep Kreetha သည် တစ်လအတွင်း ရောင်းကုန်သွားပြီလို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ 
လုံးချင်းအိမ်ကို ဘတ် သန်း ၅၀ ဖြင့် ဈေးဖွင့်ပြီး ရောင်းချခဲ့ရာ အကုန် ရောင်းချခဲ့ရကြောင်း ပြောကြားပါတယ်။

Sansiri က ယခုနှစ်အတွင်း စျေးနှုန်း ၃၅ သန်းမှ ၁၁၅ သန်းအထိ တန်ဖိုးရှိသော ဇိမ်ခံအိမ်ရာစီမံကိန်း ၃ ခုကို စတင်ရန် စီစဉ်ထားပါတယ်။

Land & Houses က အိမ်တစ်လုံး ဘတ်  သန်း ၁၀၀ တန် စီမံကိန်း၊ အိမ်တစ်လုံး ဘတ် သန်း၈၀ မှ သန်း ၁၅၀ အထိ စီမံကိန်းများ အကောင်အထည် ဖော်နေပါတယ်။ 

Proud Real Estate Plc က လုံးချင်းအိမ် ၆ လုံး စီမံကိန်း လုပ်ကိုင်နေပြီး အိမ်တစ်လုံး အနည်းဆုံး ဈေးနှုန်းက ဘတ် ၈၃ သန်း ဖြစ်ပါတယ်။
Source nationthailand 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Residential Read 257 times