ဂျပန်နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်သွားမည့် ဦးဝိစာရ အိမ်ရာပြန်လည်အဆင့်မြှင့်တင်ရေး


14 November, 2020

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဦးဝိစာရလမ်းပေါ်ရှိဦးဝိစာရအိမ်ရာပြန်လည်အဆင့်မြှင့်တင်ရေးလုပ်ငန်းစဉ်များ အတွက်ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဝန်ထမ်းအိမ်ရာများကိုပြန်လည်အဆင့်မြှင့်တင်တည်ဆောက် လျက်ရှိရာလမ်းသစ်အိမ်ရာစီမံကိန်းစတင်ပြီးပါက

ဦးဝိစာရအိမ်ရာအားပြန်လည်တည်ဆောက်ရန် လုပ်ငန်းစဉ်များဆောင်ရွက်မည့်အနေအထားရှိကြောင်း သိရသည်။

ယခုတွင်ဂျပန်နှင့်ဆွေးနွေးနေကြောင်း၊ပြန်လည်တည်ဆောက်ဖြစ်မည််ဆိုပါက နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှုများရှိလာသည့်အတွက်

ဂျပန်နှင့်လည်းပူးပေါင်းပြီး တင်ဒါခေါ်ယူမှုများလည်း လုပ်ဖြစ်မည်ဖြစ်ကြောင်း၊ဆုံးဖြတ်ချက်မရသေးကြောင်း ကို ဆောက်လုပ်ရေးဝန်ကြီးဌာနမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်မှ ပြောကြားကြောင်း သိရသည်။

ဦးဝိစာရအိမ်ရာကို ၁၉၆ဝ ပြည့်နှစ်ဝန်းကျင်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လေးခန်းတွဲ၊ခြောက်ခန်းတွဲ၊ခုနှစ်ခန်းတွဲ၊ရှစ်ခန်းတွဲ၊၁ဝခန်းတွဲ လေးထပ်အဆောက်အအုံ စုစုပေါင်း ၃၄လုံး၊အခန်းပေါင်း ၆၄၈ခန်းရှိကြောင်း

၊အကျယ်အဝန်းမှာ ဧက၂ဝခန့်ရှိပြီး အခန်းအကျယ်အလိုက်အခန်းအမျိုးအစား ၁၅မျိုးအထိရှိကြောင်း သိရသည်။

ရန်ကုန်မြို့အတွင်း ပြည်သူ့ဝန်ထမ်းအိမ်ရာပေါင်း ၁၁ခုအထိရှိပြီး ၅၁လမ်းအိမ်ရာတည်ဆောက်မှုမှာ ပြီးစီးပြီဖြစ်ပြီး

လမ်းသစ်အိမ်ရာစီမံကိန်းမှာလည်း မကြာခင်စတင်တော့မည်ဖြစ်ကြောင်း သိရသည်။

Pyi Myanmar

Public Housing Read 24 times