ဒေါ်လာ ၉ ဘီလီယံ 'လေကြောင်းစီးတီး' ယခုနှစ်တွင် ထိုင်းနိုင်ငံမှာ စတင်တည်ဆောက်မည်


10 February, 2023

ဒေါ်လာ ၉ ဘီလီယံ 'လေကြောင်းစီးတီး' ယခုနှစ်တွင် ထိုင်းနိုင်ငံမှာ စတင်တည်ဆောက်မည်

TO GET INSTANT UPDATE 
Join Telegram Channel 

https://t.me/Guid4U

 

ထိုင်းနိုင်ငံမှာ ဒေါ်လာ ၉ ဘီလီယံ ကုန်ကျမည့်  'လေကြောင်းစီးတီး' 'Aviation City' ကို ယခုနှစ်တွင် စတင်တည်ဆောက်မည်ဖြစ်သည်။

 

အဆိုပါ စီမံကိန်းသည် ယနေ့အထိ ထိုင်းနိုင်ငံ၏ အကြီးမားဆုံးသော တည်ဆောက်မှုဆိုင်ရာ စီမံကိန်း တစ်ခုဖြစ်သည်။

 

အရှေ့အလယ်ပိုင်းရှိ ဆော်ဒီအာရေးဗီးယားနိုင်ငံ NEOM မြို့တော်ကဲ့သို့သော သေးငယ်သော လေကြောင်းစီးတီးများ ရေပန်းစားလာနေချိန်မှာ အာရှတွင်လည်း လေကြောင်းစီးတီး ပေါ်ပေါက်လာတော့မည် ဖြစ်သည်။

 

 

ထိုင်းနိုင်ငံသည် ၎င်း၏ လေကြောင်းမြို့တော်စီမံကိန်းတွင် ထိုင်းဘတ်ငွေ ဘီလီယံ ၃၀၀ (ကန်ဒေါ်လာ ၈.၈၂ ဘီလီယံ) နီးပါး ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး U-Tapao 'Eastern Aviation City' ဟု အမည်ပေးထားသည်။ 

သမိုင်းဝင် U-Tapao လေဆိပ်ကို ပြန်လည်မွမ်းမံရန် ထိုင်းအစိုးရထံမှ ကြီးမားသော ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန် စီစဉ်ထားသည်။ ဗီယက်နမ်စစ်ပွဲကာလကတည်းက U-Tapao လေဆိပ် တည်ရှိခဲ့ပြီး ထိုင်းနိုင်ငံ ရယောင်းပြည်နယ် ဘန်ချန်းခရိုင်ရှိ ခရိုင်ခွဲ ပလာတွင် တည်ရှိသည်။

U-Tapao အပြည်ပြည်ဆိုင်ရာလေဆိပ် အဆောက်အဦ တည်ရှိသည့်နေရာတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ကို စီမံကိန်း မြေဧရိယာ ၁,၀၄၀ ဟက်တာခန့်တွင် ဆောက်လုပ်မည် ဖြစ်သည်။ 

 

 

 

အသစ်ပြန်လည်ပြင်ဆင်ထားသော လေဆိပ်နှင့် ခရီးသည်တင် ဂိတ်အဆောက်အအုံအသစ်တို့ကို ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်သည်။ 

ခရီးသည်များအား ဒွန်မောင်းလေဆိပ်နှင့် သုဝဏ္ဏဘူမိလေဆိပ်သို့ ပျံသန်းပြေးဆွဲသည့် လေကြောင်းလိုင်းများအား ဝန်ဆောင်မှု ပေးနေသည့် လေဆိပ် ဖြစ်ပါသည်။

လေဆိပ်အဆောက်အဦ၊  ခရီးသည်တင် ဂိတ်အဆောက်အအုံတို့အပြင် ကုန်စည်များ ရောင်းချရန် အကောက်ခွန်မဲ့ ကုန်သွယ်ရေးဇုန်တစ်ခုလည်း ပါဝင်မည် ဖြစ်သည်။ ထို့ပြင် လေကြောင်းသင်တန်းဌာန၊ လေယာဉ်ပြုပြင်ထိန်းသိမ်းရေးတို့လည်း ပါဝင်သည်။

U-Tapao အပြည်ပြည်ဆိုင်ရာလေဆိပ် တိုးချဲ့မှုသည် တစ်နှစ်လျှင် ခရီးသည် ၆၀ မှ ၇၅ သန်းအထိ ကိုင်တွယ်ပေးနိုင်မည် ဖြစ်သည်။

Source simpleflying 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Infrastructure and Zones Read 467 times