စီးပွားရေး စင်္ကြံလမ်းမကြီး နှစ်ခုစီမံကိန်း


06 December, 2020

 ဒေသတွင်း နိုင်ငံများအကြား ဆက်သွယ်မှုလွယ်ကူကာ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ရန် မဟာမဲခေါင်စီးပွားရေး စင်္ကြံတောင်-မြောက်လမ်း ကြောင်းသို့ မြန်မာနိုင်ငံရှိ အဓိကစီးပွားရေး စင်္ကြံလမ်းနှစ်ခု ပေါင်း စပ်နိုင်ရေး  အစည်းအဝေးကိုနေပြည်တော်၌ ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးလေးဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၆ ရက်တွင် သတင်းထုတ်ပြန် သည်။

         လမ်းပန်းဆက်သွယ်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်  ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး မြောက်ပိုင်းစီးပွားရေး စင်္ကြံလမ်း မကြီး (အိန္ဒိယ-တမူး -လားရှိုး လမ်းကြောင်း)နှင့် အနောက်ပိုင်း စီးပွားရေးစင်္ကြံလမ်းမကြီး (မန္တလေးမှ ရန်ကုန်သီလဝါ) တို့ကို တောင်-မြောက်စီးပွားရေး စင်္ကြံ လမ်းမကြီးအတွင်းသို့ ပေါင်းစပ် သတ်မှတ်နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများက သဘောထား ပေးရန် ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန် ဇော်က ပြောကြားသည်။


         အထက်ပါစီးပွားရေးစင်္ကြံ လမ်းမကြီးနှစ်ခုကို တောင်မြောက်စီးပွားရေးစင်္ကြံလမ်းအတွင်းသို့ ပေါင်းစပ်ခြင်းဖြင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး များစွာ အကျိုး ကျေးဇူးရမည်ယူဆ၍ သဘောတူကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က သဘောထားပေးသည်။

        စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာသန်း မြင့်ကလည်း ထိုသို့ပေါင်းစပ်  သတ်မှတ်ပါက ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့ကာ စီးပွားရေး ပိုမိုအားကောင်းလာပြီး ကျယ် ပြန့်စွာ ကုန်သွယ်နိုင်မည်ဟု ပြောကြားသည်။

        ထို့အပြင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင် ငံခြားစီးပွားဆက်သွယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက အဓိကစင်္ကြံ လမ်းနှစ်ခုကို တောင်မြောက်စီး ပွားရေးစင်္ကြံလမ်းမကြီးအတွင်း ပေါင်းစပ်မည်ဆိုပါက ရင်းနှီးမြှုပ် နှံမှုအပိုင်း ကောင်းမွန်လာမည်ဟု ပြောသည်။

        ရရှိလာသည့် ဆွေးနွေးသဘောတူညီချက်များကို အစိုးရအ ဖွဲ့အစည်းအဝေးသို့ ဆက်လက် တင်ပြမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ဆိုသည်။

        မဟာမဲခေါင်ဒေသတွင် မြန် မာ-ထိုင်း-လာအို-ဗီယက်နမ်- ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့ ပါဝင်ပြီး မဟာမဲခေါင်ဒေသ တိုး တက်ဖွံ့ဖြိုးရေးစီမံကိန်း၌ အဓိ ကစီးပွားရေးလမ်းကြောင်းသုံးခုရှိ ကြောင်း VOA သတင်းဌာနက ဖော်ပြသည်။

        ပထမလမ်းကြောင်းသည် မြန်မာ(မော်လမြိုင်)-ထိုင်း-လာအို-ဗီယက်နမ် (ဒါနန်ဆိပ်ကမ်း) ကို ဆက်သွယ်မည့် အရှေ့အ နောက် စီးပွားရေးလမ်းကြောင်း၊ ဒုတိယ လမ်းကြောင်းသည် ထိုင်း-လာအို- မြန်မာ-တရုတ်(ကူမင်း)သို့ ဆက်သွယ်သည့် မြောက်-တောင်လမ်းကြောင်း၊ တတိယ လမ်းကြောင်းသည် မြန်မာ (ထားဝယ်)- ထိုင်း - ကမ္ဘောဒီးယား-ဗီယက်နမ် (ဗန်တူဆိပ်ကမ်း)တို့သို့ ဆက်သွယ်မည့် မဟာမဲ ခေါင်တောင်ပိုင်းဒေသ စီးပွားရေး လမ်းကြောင်းဖြစ်သည်ဟု သိရ သည်။

Factory and Industrial Plant Read 32 times