တန်ဖိုးနည်း အိမ်ရာများ တည်ရှိသော မြို့နယ်များ


20 November, 2020

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်နေဆဲဖြစ် သော ၊တည်ဆောက်ပြီးစီးနေသော တန်ဖိုးနည်း တန်ဖိုးသင့် အိမ်ရာများ အား တစုတစည်း တည်း စုစည်းထားခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ လှိုင်သာယာမြို့နယ်၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် နှင့်ရွှေပြည်သာမြို့နယ်၊တို့တွင်တညရှိသည်။

တန်ဖိုးနည်း အိမ်ရာအဖြစ် ကျပ်သိန်း ၉၇ မှ ကျပ်သိန်း ၁ရဝကျော် နှင့် ကျပ်သိန်း ၁ဝဝ နှင့်ကျပ်သိန်း ၃ဝဝခန့်အထိ တန်ဖိုးသင့် အိမ်ရာအဖြစ် သတ်မှတ်သည်။

၁။ကျန်စစ်မင်းအိမ်ရာ

ကျန်စစ်မင်းအိမ်ရာကို အမှတ်(၈)ရက်ကွက် ၊ ကျန်စစ်သားလမ်းမကြီးဘေး ၊ လှိုင်သာယာမြို့နယ် ၊ ရန်ကုန်တိုင်း ဒေသကြီး တွင်ဖော်ဆောင်နေခြင်းဖြစ်သည်။

ယင်းအိမ်ရာကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မှ ဆောက်လုပ်ရေးကုမ္မဏီများနှင့် ပူးပေါင်း၍အပိုင်း (၁)နှင့်အပိုင်း (၂) ဟူ၍ခွဲပြီး တည်ဆောက်နေခြင်းဖြစ်ပါသည်။

ယခုအချိန်တွင်ကျန်စစ်မင်း အိမ်ရာအပိုင်း (၁) ကိုဆောက်လုပ် ပြီး စီးနေပြီး အပိုင်း (၂) အိမ်ရာကို ၂ဝ၁၇ မေလအတွင်းတွင် စတင်အကောင်အထည်ဖော်ခဲ့သည်ဟုသိရပါသည်။

အပိုင်း (၁)ဧ။် စီမံကိန်းမြေဧရိ ယာ အကျယ်အဝန်းမှာ ၇၂.၁ဝ၅ ဧကဖြစ်ပြီး စတုရနး်ပေ ၁ဝဝဝ ကျယ်ဝန်းသော အခန်း ပေါင်း ၅၃ ခန်းပါဝင်မည့်ခြောက်ခန်းတွဲသုံးထပ်တိုက်သုံးလုံး၊

စတုရန်းပေ ၆၅ဝကျယ်ဝန်းသော အခန်း ပေါင်း၅၄ဝခန်းပါဝင်မည့်လေးခန်းတွဲငါးထပ်တိုက်၂ရလုံး ၊ ပျမ်းမျှစတုရန်းပေ ၄၈၄ မှ ၅၂၂ ကျယ်ဝန်းသောအခန်းပေါင်း ၈၄ဝ ပါဝင်သောရှစ်ခန်းတွဲတိုက်၂၁ လုံး ၊

စတုရန်းပေ ၄၆၈ ပေကျယ်ဝန်းသော အခန်းပေါင်း ၄၈၀ ပါဝင်သောခြောက်ခန်းတွဲ ငါးထပ်တိုက် ၁၆ လုံး၊ နှင့် စတု ရန်းပေ ၃၂၄ ပေကျယ်ဝန်းသော အခန်းပါင်း ၁၂၆၀ ခန်းပါဝင်သော

၁၂ ခန်းတွဲ ငါးထပ်(RC)တိုက်၂၁ လုံး စုစုပေါင်း တိုက် ၈၈ လုံးနှင့်အခန်းပေါင်း ၃၁၇၄ ခန်းကိုတည်ဆောက် ထားပြီးကျန်ရှိတိုက်ခန်းအချို့ကိုဆက်လက်တည်ဆောက်နေသည်ဟုသိရပါသည်။ု

၂။ယုဇနအိမ်ရာ

ယုဇန အိမ်ရာစီမံကိန်း ဟာ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်အတွင်းရှိ ပဲခူးမြစ်လမ်းနဲ့ ယုဇနတိုက်ခန်းများ အကြား မြေကွက်လပ်နဲ့

စစ်တောင်းအိမ်ရာအနောက်ဘက်ရှိ မြေကွက်လပ်နှစ်ခုပေါ်တွင်   မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက တည်ဆောက် သည်။

ယုဇနဥယျာဉ်မြို့တော်အိမ်ရာအတွင်းရှိ ထိုအိမ်ရာကို  အပိုင်း(၁) နဲ့ အပိုင်း(၂) ခွဲခြားထားသည်။

အပိုင်း (၁)

အပိုင်း(၁)သည် ၂ဝ၁၄ သြဂုတ်လ ကစဆောက်ခဲ့ပြီး၊ တိုက်ခန်းများမှာ ၂၂ ပေ (စတုရန်းပေ ၄၄၀) ပတ်လည် အခန်းများ ဖြစ်ပါတယ်။ ရေချိုးခန်းနဲ့အိမ်သာ များတစ်ပါတည်းပါရှိသည်။

ခြောက်ခန်းတွဲ လေးထပ် အဆောက်အအုံ ၁၂ လုံး၊ ရှစ်ခန်းတွဲ လေးထပ်အဆောက်အအုံ ၁၈ လုံး၊ စုစုပေါင်း တိုက်အလုံးရေ ၃၀ မှ အခန်းပေါင်း ၈၆၄ ခန်း ထွက်ရှိပါမယ်။

အပိုင်း(၁)  ကို ကုမ္ပဏီ ၁၁ ခုနဲ့ တည်ဆောက်သည်။

အပိုင်း(၂)

အပိုင်း(၂) သည် သီဟိုဠ်လမ်းမပေါ် မြေဧက ၁၇ ဧက ပေါ်တွင် ကုမ္ပဏီ ၁၇ ခုနှင့်တည်ဆောက် ခြင်းဖြစ်သည်။

ခြောက်ခန်းတွဲ လေးထပ် အဆောက်အအုံ ၁၂ လုံး မှ တိုက်ခန်း ၂၈၈ ခန်း၊ ရှစ်ခန်းတွဲ လေးထပ်အဆောက်အအုံ ၂၈ လုံး မှ တိုက်ခန်း ၉၂၄ ခန်း၊   စုစုပေါင်း တိုက်အလုံးရေ ၃၀ မှ အခန်းပေါင်း ၁,၁၅၂ ခန်း ပါရှိသည်။

တိုက်ခန်းများမှာ ၄၆၈ စတုရန်းပေ ပတ်လည် အခန်းများဖြစ်သည်။ ရေချိုးခန်းနဲ့အိမ်သာ များတစ်ပါတည်းပါရှိသည်။

၃။ရွှေပြည်သာ တန်ဖိုးနည်း အိမ်ရာ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်သည့် ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်စက်မှုလမ်းနှင့်ပိတောက်လမ်းထောင့်

ရွှေပြည်သာတန်ဖိုးနည်းအိမ်ရာစီမံကိန်းရှိရှစ်ခန်းတွဲခြောက်ထပ်တိုက်RC အဆောက်အအုံလေးလုံးမှ တစ်ခန်းလျှင်၄၉ဝစတုရန်းပေရှိ အခန်းများအားရောင်းချမည်ဖြစ်ကြောင်းသိရသည်။

မြေညီထပ်ရှိအခန်းတစ်ခန်းလျှင်ကျပ်၁၇၄သိန်း၊ပထမထပ်လျှင်၁၅၄သိန်း၊ဒုတိယထပ်မှာ ကျပ်၁၄၄သိန်း၊တတိယထပ်မှာကျပ်၁၃၃သိန်း၊စတုတ္ထထပ်တစ်ခန်းလျှင်၁၂၂သိန်း၊ပဥ္စမထပ်လျှင်

ကျပ်၁ဝ၉သိန်းဖြင့်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။

၄။ကနောင် တန်ဖိုးနည်း အိမ်ရာ

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ၈၉ ရပ်ကွက် ကနောင်လမ်းမကြီး ဘေးတွင် တည်ဆောက်လျှက်ရှိကြောင်းသိရသည်။

ယင်းစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန တို့ကဦးဆောင်၍ ဆောက်လုပ်ထားပါသည်။

ထိုစီမံကိန်းကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ တွင် စတင်တည်ဆောက်ခဲ့သည် ဟုသိရသည်။

ယင်းစီမံကိန်းသည် မြေ ၁၀ ဧကပေါ်တွင် တည်ဆောက်ထားပြီး အဆောက်အဦး စုစုပေါင်း ၃၂ လုံးပါဝင်ပါသည်။

အခန်းပေါင်း ၄၈၀ ပါဝင်ပြီး စတုရန်းပေ ၄၆၈ ကျယ်ဝန်းသော ခြောက်ခန်းတွဲ လေးထပ်အဆောက်အဦး အလုံး၂၀၊စတုရန်းပေ ၄၈၄ နှင့်

စတုရန်းပေ ၅၂၂ ကျယ်ဝန်းသောအခန်းပေါင်း ၃၈၄ ခန်းပါဝင်သော အဆောက်အဦး ၁၂ လုံးတို့ ပါဝင် ဆောက်လုပ် ထားသည်။

၅။ရွှေလင်ပန်း

ရွှေလင်ပန်းအိမ်ရာသည် ရွှေလင်ပန်းစက်မှုဇုန် ၊လှိုင်သာယာမြို့နယ်တွင် တည်ရှိသည်။

တစ်ခန်းလျှင် ၄၆၈ စတုရန်းပေစီရှိ (၆)ခန်းတွဲ (၄)ထပ် (Steel Structure) Hall Type ၁၈ လုံး၊ (၆)ခန်းတွဲ (၄)ထပ် (RCC Structure) Hall Type ခြောက်လုံး စုစုပေါင်း တိုက် ၂၄ လုံး စုစုပေါင်း အခန်း ၅၇၆ ခန်းပါရှိသည်။

Public Housing Read 211 times