Torch Tower ကို ဂျပန်ရဲ့ အမြင့်ဆုံးမျှော်စင်အဖြစ် ပုံသွင်းမယ့် Sou Fujimoto


21 January, 2021

ဂျပန်ရဲ့ နာမည်ကျော် ဗိသုကာပညာရှင်ဖြစ်တဲ့ sou fujimotoနဲ့ အဖွဲ့ဟာ တိုကျိုမြို့ရဲ့ crown လို့တင်စားကြတဲ့ ၃၉၀မီတာ(ပေပေါင်း ၁၂၈၀)မြင့်တဲ့ 'torch tower'မျှော်စင် ကို ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံးမျှော်စင်ဖြစ်လာအောင် တည်ဆောက်သွားမယ်လို့ ကြေညာလိုက်ပါတယ်။

‘tokiwabashi tower’တို့လို ဂျပန်ရဲ့ နာမည်ကြီး မျှော်စင်တွေကို ပြန်လည်တည်ဆောက်ရေး တွေမှာ master plan အဖြစ်'tokyo torch' ကိုထည့်သွင်းထားပြီး၊ အဆိုပါ project  ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် 'torch tower' ပြန်လည်တည်ဆောက်ရေးကလည်း ပါဝင်လာတာဖြစ်ပါတယ်။ မြေအောက်ရထားလမ်းကြောင်းတစ်ခုဖြစ်တဲ့ ōtemachiကို 'torch tower'ကနေ တိုက်ရိုက်ဆက်သွယ်ပေးထားမှာဖြစ်ပြီး၊ အဲ့ကနေ တိုကျို ဘူတာရုံအထိ ရောက်ပါတယ်။

‘tokyo torch’ project မှာ တော့ မျှော်စင်ရဲ့ အောက်ခြေမှာ ရုံးတွေ၊ ပစ္စည်းအရောင်းဆိုင်တွေ၊ ဟိုတယ်တို့ပါမှာဖြစ်ပြီး၊ ‘tokyo torch’ရဲ့ အဓိပ္ပာယ်ကတော့ crownပါတဲ့ တောက်ပနေသောမီးအိမ်လေးဖြစ်တယ်လို့ မျှော်စင်ကိုတည်ဆောက်မယ့်  sou fujimoto ကပြောပါတယ်။

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

A post shared by Sou Fujimoto (@sou_fujimoto)

 

တိုကျိုတစ်မြို့လုံးကို‌ ခြုံပြီးကြည့်နိုင်မယ့် ခန့်မှန်းချေ အမြင့် မီတာ၃၀၀(၉၈၄ပေ) ရှိတဲ့   semi-outdoor plaza တစ်ခုဖြစ်လာမှာပါ။ sou fujimoto က instagram မှာတင်ထားတဲ့ ဒီဇိုင်းတစ်ခုဖြစ်ပြီး၊ object တစ်ခုအစား လူတွေနေထိုင်နိုင်မယ့် နေရာတစ်ခု အဖြစ် ဒီဇိုင်းဆွဲထားပါတယ်။ ‘tokiwabashi tower’ကိုတော့ ၂၀၂၁မှာ အပြီး အစီအစဉ် ဆွဲထားပြီး ‘torch tower’ကိုတော့ ၂၀၂၇မှာ ဂျပန်ရဲ့ အမြင့်ဆုံး အဆောက်အအုံအဖြစ် ဖွင့်လှစ်မှာပါ။

project infomation

နာမည် = torch tower

တည်နေရာ= တိုကျို၊ ဂျပန်

ပါဝင်မည့်အရာများ= ရုံးအဆောက်အအုံ၊ မြေအောက်ကားပါကင်၊ အသုံးအဆောင်ပစ္စည်းဆိုင်ခန်းတွေ၊ ဟိုတယ်၊လူသုံးကုန်၊ယဉ်ကျေးမှုနဲ့ အားကစားအသုံးအဆောင်ပစ္စည်းများ၊ ဘူတာရုံ။

အကျယ်အဝန်း= 31,400 စတုရန်းမီတာ/337,986.6 စတုရန်းပေ

စုစုပေါင်းကြမ်းခင်းဧရိယာ= 544,000စတုရန်းမီတာ/5,855,567 စတုရန်းပေ

အမြင့်= 390 မီတာ / 1,280 ပေ

အလွှာပေါင်း= ၆၃လွှာ

တည်ဆောက်သူ=mitsubishi estate

ဗိသုကာပညာရှင်= sou fujimoto နှင့် အဖွဲ့

ပြီးစီးမည့်နှစ်= ၂၀၂၇

Ref: designboom.com

Global Residential Read 1586 times