ဂျပန်နိုင်ငံ အမြင့်ဆုံး အဆောက်အဦ ပန္နက်ချ 


29 September, 2023

ဂျပန်နိုင်ငံ အမြင့်ဆုံး အဆောက်အဦ ပန္နက်ချ 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တိုကျိုမြို့ရဲ့ အထင်ကရ အဆောက်အဦအသစ်တစ်ခုဖြစ်လာမယ့် Torch Tower ဆောက်လုပ်ရေး စတင်တဲ့ ပန္နက်ချအခမ်းအနားကို စက်တင်ဘာလ ၂၇ ရက်မှာ ကျင်းပခဲ့ပါတယ်။ 

၃၈၅ မီတာမြင့်တဲ့ Torch Tower ဟာ ၂၀၂၈ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးပါက ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံး မိုးမျှော်တိုက် ဖြစ်လာမှာ ဖြစ်ပါတယ်။ မီးရှူးတိုင် (Torch) ပုံစံ ဒီဇိုင်းထုတ်ထားပြီး Torch Tower လို့ အမည်ပေးထားပါတယ်။ 

အိမ်ခြံမြေ developer ဖြစ်တဲ့ Mitsubishi Estate က စီမံကိန်း မြေနေရာတွင် စီးပွားမိတ်ဖက်များနှင့်အတူ ပန္နက်ချသည့် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။

ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် စီအီးအို Nakajima Atsushi က “ဂျပန်ရဲ့ အမြင့်ဆုံး မိုးမျှော်တိုက်ဟာ ပြယုဂ်တစ်ခု ဖြစ်လာမှာပါ။ ကျွန်တော်တို့က ဂျပန်နိုင်ငံရဲ့ ဆွဲဆောင်မှုအရှိဆုံး အဆောက်အဦကို ဖန်တီးမှာပါ" လို့ ပြောကြားပါတယ်။
Torch Tower ဟာ တိုကျိုဘူတာရုံ အနီးတစ်ဝိုက် ပြန်လည်တည်ဆောက်ရေး စီမံကိန်းမှ အဆောက်အဦတစ်ခု ဖြစ်ပါတယ်။

Torch Tower ဟာ ၆၇ ထပ် အဆောက်အဦဖြစ်ပြီး မြေအောက်မှာ ၄ ထပ်၊ မြေပေါ်မှာ ၆၃ ထပ် ရှိပါတယ်။ 
၇ ထပ်မှ ၅၃ ထပ်အထိ ရုံးခန်းများ ထားရှိမှာ ဖြစ်ပါတယ်။ ၅၄ ထပ်ကနေ ၆၁ထပ်အထိ အထက်တန်းစား ဟိုတယ်အတွက် သုံးစွဲမှာ ဖြစ်ပါတယ်။
observation deck တစ်ခုလည်း ပါဝင်ပါတယ်။ observation deck မှ တိုကျိုပင်လယ်အော် နှင့် ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ဖူဂျီတောင်ကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ 
အနိမ့်အထပ်တွေမှာ လူ ၂၀၀၀ စာ ထိုင်ခုံတွေ ထားလို့ရမယ့် ခန်းမကျယ်ကြီးတစ်ခု ပါဝင်ပါတယ်။

အဆောက်အဦ တခုလုံးရဲ့ ကြမ်းခင်းဧရိယာ စုစုပေါင်း ၅၄၄,၀၀၀ စတုရန်းမီတာ ရှိပါတယ်။ 

ခန့်မှန်းကုန်ကျစရိတ် ယန်း ၅၀၀ ဘီလီယံ ဖြစ်ပါတယ်။
Source www3.nnk
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Global Read 436 times