တရုတ်ပြည် အိမ်ရာအရောင်း ဆက်လက်ကျဆင်း


02 August, 2023

တရုတ်ပြည် အိမ်ရာအရောင်း ဆက်လက်ကျဆင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

China Real Estate Information မှ အချက်အလက်များအရ ပြီ တရုတ်နိုင်ငံ၏ ထိပ်တန်း အိမ်ရာဖွံ့ဖြိုးရေး ကုမ္ပဏီ ၁၀၀ တို့၏ ဇူလိုင်လ အိမ်ရာ ရောင်းအားသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက သုံးပုံတစ်ပုံ လျော့ကျခဲ့သည်။ 

၎င်းထိပ်တန်း (၁၀၀) ကုမ္ပဏီတို့၏ ဇူလိုင်လ စုစုပေါင်း အရောင်းပမာဏမှာ ယွမ် ၃၅၀.၄ ဘ‌ီလီယံ( ကန်ဒေါ်လာ ၄၈.၉ ဘီလီယံ) ရှိသည်။ ဇွန်လထက် ၃၃.၅% လျော့ကျသည်။ 

ဇူလိုင်လသည် တရုတ်ပြည်တွင် အစဉ်အလာအားဖြင့် အိမ်ရာအရောင်းအဝယ် အေးသည့်လဖြစ်သည်။ နွေရာသီ ဖြစ်သဖြင့် ပူပြင်းခြင်း၊ တိုင်ဖွန်းမုန်တိုင်းများ ဖြစ်ပေါ်ခြင်းတို့ကြောင့် အိမ်ရာအရောင်းအဝယ် မလုပ်ကြချေ။

ထိပ်တန်း အိမ်ရာဖွံ့ဖြိုးရေး ကုမ္ပဏီ ၅၀ တွင် China Vanke, Country Garden Holdings,  Longfor Group Holdings အပါအဝင် ၆၀% ခန့်သည် ဇူလိုင်လတွင် ရောင်းအား ၅၀% ပျေည်အထိ ကျဆင်းခဲ့ကြသည်။

ထိပ်တန်း အိမ်ရာဖွံ့ဖြိုးရေး ကုမ္ပဏီ ၅၀ တွင် ၁၀ ခုသာ ရောင်းအားမြင့်တက်ခဲ့သည်။ C&D Real Estate, Yuexiu Property,  Poly Developments and Holdings Group တို့ ဇူလိုင်လ ရောင်းအား မြင့်တက်ခဲ့သည်။ 

အိမ်ရာဖွံ့ဖြိုးရေး ကုမ္ပဏီများသည် အိမ်ရာတိုက်ခန်းများ ရောင်းထွက်အောင် ဈေးချရောင်းကြသည်။ Hefei နှင့် Nanchang တို့တွင် ဈေးချပေးမှ ဝယ်ကြသည်။

 Source yancaiglobal
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Global Read 227 times