ယနေ့ အိမ်ခြံမြေ အခြေအနေ


20 November, 2020

ဆက်တိုက်ကျဆင်းနေသည့် ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေဈေးကွက်အခြေအနေများကြောင့် တရားမဝင် ဆောက်လုပ်ရေးနှင့် ကန်ထရိုက်များ

လျော့နည်း ပျောက်ကွယ်လာခဲ့ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ဒုတိယ ဌာနမှူးမှ ပြောကြားကြောင်း သိရသည်။

ယခင်က တရားမဝင်ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ကန်ထရိုက်တာများကြောင့် မြေပိုင်ရှင်များအနေဖြင့် အိမ်ခန်းများတည်ဆောက်ပြီးသော်လည်း

နေထိုင်နိုင်ခြင်းမရှိဘဲ စည်ပင်မှ စွဲဆိုသည့်အမှုများအား ရင်ဆိုင်ဖြေရှင်းရသည့်အခြေအနေများစွာ ရှိခဲ့ကြောင်း၊သို့သော်ယခုအခါ ဈေးကွက်များကျဆင်းလာခြင်းကြောင့်

တိုက်ခန်းဝယ်ယူသူနည်းပါးလာရာ တရားမဝင်ဆောက်လုပ်သူများလည်း ဆောက်လုပ်ခြင်းမရှိသလောက်နည်းပါးလာခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော နှစ်ထက် စာလျှင် ယခုအချိန်တွင် အရောင်းအဝယ်မကောင်းတော့ခြင်း၊အထပ်မြင့် ဆောက်သည့် သူများ မရှိတော့ခြင်းကြောင့်

တရားမဝင် ခွင့်ပြုချက်မဲ့ဆောက်သူများ မရှိခြင်းကြောင့် ဖြစ်သည်။

လက်ရှိဈေးကွက်အခြေအနေများကြောင့် ထိုကဲ့သို့ တရားမဝင်ဆောက်လုပ်ရေးများပျောက်ကွယ်ခဲ့ကြောင်း၊သို့သော် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင်

တရားဝင်ခွင့်ပြုချက်တောင်းခံကာ ဆောက်လုပ်ခဲ့သည့် အဆောက်အအုံအရေအတွက်မှာ လျော့ကျခဲ့ခြင်းမရှိဘဲ ယခင် ဘဏ္ဍာနှစ်နည်းတူ ရှိကြောင်း၊ယခု ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ်တွင်

အထပ်မြင့် အဆောက်အအုံပေါင်း ၁ဝဝဝခန့်နှင့် အထပ်နိမ့်အဆောက်အအုံ ၃ဝဝဝကျော် စုစုပေါင်း အဆောက်အအုံ ၄ဝဝဝကျော် သည်

အဆောက်အအုံတည်ဆောက်ရန် တရားဝင်ခွင့်ပြုချက်ရယူထားကြောင်း၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် တရားဝင်လိုင်စင်ပေးအပ်ထားသည့် အင်ဂျင်နီယာပေါင်း ၉၈ဝဦးရှိကြောင်း သိရသည်။

Real Estate & Properties Read 36 times