သထုံစက်မှုနယ်မြေတွင် နော်ဝေကုမ္ပဏီမှ ဆိုလာစွမ်းအင်စက်ရုံ တည်ဆောက်မည်


13 November, 2020

သထုံစက်မှုနယ်မြေတွင် လာမည့်နှစ်တွင် နော်ဝေကုမ္ပဏီမှ ဆိုလာစွမ်းအင်စက်ရုံကို တည်ဆောက်မည်ဖြစ်ကြောင်းလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးစားဆောင်ရွက်လျက်ရှိရာမှာ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ထို့ကြောင့်လည်း

နိုင်ငံတကာနှင့် ပူးပေါင်းပြီး စွမ်းအင်ထုတ်လုပ်နိုင်မည့် စက်ရုံများကို တည်ဆောင်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ဆိုလာစွမ်းအင်စက်ရုံကို နော်ဝေနိုင်ငံမှ Energeia Asset Management ကုမ္ပဏီမှ တည်ဆောက်မည်ဖြစ်ပြီး စီမံကိန်းပထမအဆင့်အနေဖြင့် ၂ဝ၁၈သြဂုတ်လတွင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၉ခုနှစ်အောက်တိုဘာလတွင် သထုံစက်မှုနယ်မြေရှိစီမံကိန်းလုပ်ငန်းများပြီးစီးကာ ဓာတ်အားစတင်ပို့လွှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစက်ရုံကို သထုံစက်မှုနယ်မြေရှိ စက်ရုံများအတွက် အဓိကရည်ရွယ်တည်ဆောက်ခြင်းဖြစ်ပြီး စီမံကိန်းပြီးစီးပါက တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၄၂ ဒသမ ၆မဂ္ဂဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆိုလာစွမ်းအင်စက်ရုံ စီမံကိန်းများကို စက်မှုဝန်ကြီးဌာနရှိ နိုင်ငံပိုင်စက်ရုံ ၁ဝရုံတွင်လည်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နော်ဝေနိုင်ငံသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် နေ၊ရေ၊လေစသည့် သဘာဝရင်းမြစ်များစွာရှိသည့် မြန်မာနိုင်ငံအတွက် ကူညီပေးမည့် အပြင်မြန်မာနိုင်ငံ၏

လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Pyi Myanmar

Factory and Industrial Plant Read 27 times