လယ်မြေပုဒ်မ ၇ (က)နဲ့ ၇ (ခ)အကြောင်း သိကောင်းစရာများ


13 December, 2019

အခုနောက်ပိုင်း လယ်ယာမြေဥပဒေတွအရ လယ်မြေတွေကို ဝယ်ယူတော့မယ်ဆိုရင် ပုဒ်မ ၇ (က)အရ ဖြစ်ဖြစ်၊ ၇ (ခ) အရဖြစ်ဖြစ်ကြည့်ပြီး ဝယ်ယူနိုင်ပါတယ်။
 
ပုဒ်မ ၇ (က) ကတော့ ပုဂ္ဂလိကမှတ်ပုံတင်ထားတဲ့ လယ်မြေတွေကို လုပ်ကိုင်ခွင့်ရှိသူဖြစ်ပြီး ၇(ခ)ကတော့ အဖွဲ့အစည်းတွေအနေနဲ့ မှတ်ပုံတင်ထားတဲ့ လယ်ယာမြေတွေဖြစ်တယ်လို့ သိရပါတယ်။ ဝယ်ယူတော့မယ်ဆိုရင်လည်း ၇ (က) နဲ့ဖြစ်ဖြစ်၇ (ခ) နဲ့ဖြစ်ဖြစ် မှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ သူတွေဆီကနေပဲ ဝယ်ယူခွင့်ရှိတာဖြစ်တယ်လို့ သိရပါတယ်။
 
လယ်ယာမြေတွေကို နိုင်ငံခြားသားပါတဲ့အဖွဲ့အစည်းတွေကို ရောင်းဝယ်လုပ်ချင်တယ်ဆိုရင် နိုင်ငံခြားသားခွင့်ပြုချက်တွေမပါဘဲ အရောင်းအဝယ်လုပ်လို့ ရနိုင်မှာမဟုတ်ပါဘူး။ အဲသည်လိုမျိုးတွေကို ပုဒ်မ ၁၄ ကန့်သတ်ချက်တွေနဲ့ လုပ်လို့မရနိုင်ဘူးလို့ သိရပါတယ်။
 
အရောင်းအဝယ်လုပ်တဲ့ အခါမှာ ဥပဒေနဲ့ ညီညွတ်တဲ့ လယ်ယာမြေတွေ ဟုတ်မဟုတ်ကို ပြန်ကြည့်ဖို့ လိုအပ်ပါတယ်။
 
ရောင်းဝယ်တာတွေကို လုပ်နိုင်လားမလုပ်နိုင်ဘူးလားဆိုတာကိုတော့ ပုံစံ ၇(က)၊ ၇ (ခ) နဲ့ လက်မှတ်ရထားလား မရဘူးလားဆိုတာကို သေချာကြည့်ရမယ်။ အဲသည်မှာပါတဲ့အမည်နဲ့ လူကမှရောင်းဝယ်တာတွေလုပ်လို့ ရနိုင်တာဖြစ်ပါတယ်။
 
အဖွဲ့အစည်းမှာဆိုရင် သဘောတူညီချက်တွေအားလုံးရမှသာ အရောင်းအဝယ် လုပ်လို့ရနိုင်တယ်။ လယ်ယာမြေရဲ့အဓိကအရေးကြီးတာကတော့ ပုံစံ (၇)ရပြီးပြီလား မရသေးဘူးလားဆိုတာပဲဖြစ်ပါတယ်။ ရောင်းဝယ်ခွင့်မရှိတဲ့ လယ်မြေတွေကိုဝယ်ယူမိမယ်ဆိုရင် ပြဿနာ တွေဖြစ်လာနိုင်ပါတယ်။

ပုံစံ ၇ လျှောက်ထားတဲ့အခါမှာ ကျမယ် မကျဘူးဆိုတာကို သက်ဆိုင်ရာ လယ်ယာမြေကော်မတီမှာ စုံစမ်းဖို့လိုအပ်ပါတယ်။ လယ်ယာမြေကော်မတီမှ ပုံစံ (၇ )ကို ဘယ်အချက်တွေနဲ့ လျှောက်ထားလဲ လျှောက်ထားခွင့်ရှိမရှိဆိုတာ ကိုမေးရမယ်။ မချပေး တာကိုသွားပြီး အရောင်းအဝယ်လုပ်တယ်ဆိုရင် ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

Laws and Regulations Read 93 times