သုခတော်ဝင်အိမ်ရာ လူနေထိုင်ခွင့်လက်မှတ်များ ထုတ်ပေး


30 August, 2021

နေပြည်တော် သုခတော်ဝင် အိမ်ရာ ပထမအဆင့်တည်ဆောက်  ခဲ့သည့် တိုက် ၃၉ လုံးအနက် အပ်နှံရန် ကျန်ရှိသည့်  တိုက် ၉ လုံးအနက် K1, K2, K3 တိုက် ၃ လုံးမှာ  တည်ဆောက်ပြီးစီးပြီ ဖြစ်၍ ဩဂုတ် ၂၆ ရက်မှ စတင်ပြီး မြို့တော်ခန်းမမြေညီ ထပ်စီမံရေးရာဌာနတွင် တိုက်ခန်း ဝယ်ယူထားသူများကို လူနေထိုင် ခွင့် လက်မှတ်များ လာရောက် ထုတ်ယူနိုင်ကြောင်းနှင့် တိုက်ခန်း  သော့များကို သုခတော်ဝင်အိမ်ရာ  ရှင်းလင်းဆောင်တွင် အပ်နှံ၍ လွဲ ပြောင်းလက်ခံ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ ဝယ်ယူ ထားသူတစ်ဦးခြင်းထံသို့လည်း ဩဂုတ် ၂၆ ရက်တွင် ဖုန်းဆက် အကြောင်းကြားမည် ဖြစ် ကြောင်း အသိပေးထားသည်။ 

ပထမအဆင့် ကျန်ရှိသော B2, B3, B7, B8, B9 တိုက် ၅ လုံးမှာလည်း မကြာမီ ပြီးစီးမည်ဖြစ်ပြီး B1 တိုက် အမြန်ပြီးစီးအောင်  ဆောင်ရွက် လျက်ရှိပြီး ကျန်ဒုတိယအဆင့် နှင့် တတိယအဆင့်တိုက် များလည်း  အမြန်ပြီးစီးရေး ဆောင်ရွက်လျက်ရှိ  ကြောင်းသိ ရသည်။

myotaw.news

Local Read 893 times