သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ လျှောက်ထားလိုသူများအတွက် စည်းကမ်းသတ်မှတ်ချက် (၂၃)ချက်


30 June, 2023

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ လျှောက်ထားလိုသူများအတွက် စည်းကမ်းသတ်မှတ်ချက် (၂၃)ချက်

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ လျှောက်ထားလိုသူများ သိရှိလိုက်နာရန်အတွက် စည်းကမ်းသတ်မှတ်ချက် (၂၃)ချက် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။ 

.
၁။  လျှောက်ထားသူနှင့် ယင်း၏ အတူနေမိသားစုဝင်အားလုံးသည် . ပြည်ထောင်စုမြန်မာနိုင်ငံသာဖြစ်ရမည်။
.
၂။  လျှောက်ထားသူသည် အသက် ( ၁၈ )နှစ်ပြည့်ပြီးသူဖြစ်ရမည်။
.
၃။ လျှောက်ထားသူသည် မိသားစုဝင်ငွေနည်းပါး၍ နေရေးအခက်အခဲရှိသူဖြစ်ရ မည်။
.
၄။ လျှောက်ထားသူနှင့် ယင်း၏အတူနေ မိသားစုဝင်အားလုံးသည် နိုင်ငံတော်မှ သတ်မှတ်ထားသော ဥပဒေဘောင်အတွင်း နေထိုင်ပြီး ပြစ်မှုကင်းရှင်းသူများဖြစ်ရမည်။
.
၅။ ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း အိမ်ငှား နေထိုင်သူ (သို့မဟုတ်) အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး အိမ်၊ မြေပိုင်ဆိုင်ထားသူ မဖြစ်စေရ။ 
.
၆။ လျှောက်ထားသူ ကိုယ်တိုင်သော် လည်းကောင်း၊ အတူနေထိုင်သူ မိသားစုဝင် တစ်ဦးဦးသော် လည်းကောင်း သက်ဆိုင်ရာမြို့နယ် (သို့မဟုတ်) နီးစပ်မှုရှိသည့် အခြားမြို့နယ်တစ်ခုခုရှိ ပြည်သူ့ အငှားအိမ်ရာ တစ်ခုခုတွင် ငှားရမ်းနေထိုင်ခွင့် ချထားပေးခြင်း ခံရပြီးသူ မဖြစ်စေရ။
.
၇။ အိမ်ငှားရမ်းခြင်းသက်တမ်းမှာ (၅)နှစ်ဖြစ်ပြီး (၅)နှစ်နေထိုင်ပြီးပါက အိမ်ခန်းကို . ပြန်လည် အပ်နှံရမည်ကို သိရှိလိုက်နာသူဖြစ်ရမည်။
.
၈။ ပြည်သူ့အငှားအိမ်ရာတွင် ငှားရမ်းနေထိုင်ခွင့်ကို လျှောက်ထားသူ၏ဝင်ငွေပေါ် မူတည်၍ ဝင်ငွေနှင့် ကိုက်ညီသော အိမ်ခန်းတွင်နေထိုင်နိုင်သူဖြစ်ရမည်။ 

 


.
၉။ ငှားရမ်းမည့် အိမ်ခန်းအကျယ်အဝန်းမှာ (၅၈၈)စတုရန်းပေဖြစ်ပြီး အိမ်လခကို လစဉ် မပျက်မကွက် ပေးသွင်းနိုင်သူဖြစ်ရမည်။
.
၁၀။ (၁)လ ငှားရမ်းခနှုန်းထားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က) ပထမထပ်ငှားရမ်းခ ( ၆၇၀၀ဝိ/-) ကျပ်
( ခ ) ဒုတိယထပ်ငှားရမ်းခ ( ၆၀၀၀ဝိ/-) ကျပ်
( ဂ ) တတိယထပ်ငှားရမ်းခ ( ၅၅၀၀ဝိ/-) ကျပ်
(ဃ) စတုတ္ထထပ်ငှားရမ်းခ ( ၄၆၀၀ဝိ/-) ကျပ်
.
၁၁။ လျှောက်ထားသူသည် ငှားရမ်းခွင့်ရရှိပါက (၃)လ ငှားရမ်းခနှင့်ညီမျှသော ငှားရမ်းခ အာမခံငွေကို ကြိုတင်ပေးသွင်းနိုင်သူဖြစ်ရမည်။
.
၁၂။ သတ်မှတ်ထားသော ငှားရမ်းခကို လစဉ်မပျက်မကွက် ပေးသွင်းရန်နှင့် ပေးသွင်းရန်ကာလ (၃)လ ထက် ကျော်လွန်ပျက်ကွက်ပါက အိမ်ခန်းမှ ဖယ်ရှားခြင်းခံရမည်။
.
၁၃။ အိမ်ရာအတွင်း အများနှင့်သက်ဆိုင်သော လျှပ်စစ်မီး၊ မီတာခ၊ သန့်ရှင်းရေး ၊ ရေရရှိရေး၊ လုံခြုံရေး၊ စသည့် အခွန်အခများနှင့် အိမ်ရာကော်မတီမှကောက်ခံသော အိမ်ရာနှင့်ပတ်သက်သည့် ရန်ပုံငွေ အခွန်အခများကို မပျက်မကွက် ပေးဆောင်နိုင်သူဖြစ်ရမည်။

 


.
၁၄။ အိမ်ခန်းကို လူနေထိုင်ရန်အတွက်သာ အသုံးပြုရမည်။ ငှားရမ်းနေထိုင်စဉ်ကာလအတွင်း အိမ်ငှားဦးစီးသည် ဝန်ထမ်းဖြစ်ပြီး ၎င်း၏မိခင်ဌာနက စီစဉ်ပေးသည့် အိမ်ခန်းတွင် နေထိုင်ခွင့်ရရှိပါက (သို့မဟုတ်) ပုဂ္ဂလိကစက်ရုံအိမ်ရာတွင် နေထိုင်ခွင့်ရရှိပါက ဦးစီးဌာနက ငှားရမ်းခွင့် ပြုထားသော အိမ်ခန်းကို ပြန်လည်အပ်နှံရမည်။
.
၁၅။ ငှားရမ်းနေထိုင်ခွင့်ရသူသည့် တင်ပြထားသည့် အိမ်ထောင်စုစာရင်းတွင် ပါဝင်ခြင်း မရှိသူများကို အိမ်ခန်းတစ်ခုလုံးကိုသော် လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းကိုသော် လည်းကောင်း တစ်ဆင့် ငှားရမ်းခြင်း၊ အတူနေထိုင်ခြင်း၊ လွှဲပြောင်းခြင်းများ မပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိပါက အိမ်ခန်းငှားရမ်းခွင့်ကို ရုပ်သိမ်းပါမည်။
.
၁၆။ ငှားရမ်းနေထိုင်ခွင့်ပြုထားသော အိမ်ခန်း၏ အရှေ့ ၊ အနောက်နှင့် ဘေးတွင်ရှိသော မြေပြင် ပေါ်တွင် အဖီအဆွယ်ထုတ်ခြင်း၊ အိမ်ခန်းအတွင်း၊ အပြင်နံရံများအားဖောက်၍ တိုးချဲ့ ဆောက်လုပ်ခြင်း၊ ပြုပြင်ဆောက်လုပ်ခြင်း၊ ဝရန်တာအား အခန်းဖွဲ့ကာရံခြင်း၊ အိမ်ခန်းအတွင်း ထပ်ခိုးအထပ်ပြုလုပ်ခြင်းများကို လုံးဝဆောင်ရွက်ခြင်းမပြုရန်နှင့် လိုက်နာခြင်းမရှိပါက ဥပဒေအရ အရေးယူခြင်းခံရမည့်အပြင် အိမ်ခန်းမှ ဖယ်ရှားခြင်းခံရမည်။

 

 


.
၁၇။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အိမ်ခန်းနေရာချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပြည်သူ့အငှားအိမ်ရာသာယာရေးကော်မတီတို့မှ သတ်မှတ်ထုတ်ပြန်သော စည်းကမ်းနှင့် ညွှန်ကြားချက်များကို လိုက်နာနိုင်သူဖြစ်ရမည်။
.
၁၈။ အိမ်ခန်းငှားရမ်းခွင့်လျှောက်ထားသူများသည် အိမ်ခန်းတွင် နေထိုင်သည့်အိမ်ငှားဦးစီးနှင့် အတူနေ မိသားစုဝင်များသည် တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ဆန့်ကျင်သည့် ပြစ်မှုတစ်စုံတစ်ရာကိုသော် လည်းကောင်း၊ အခါအားလျော်စွာ ထုတ်ပြန်သောအမိန့် နှင့် ညွှန်ကြားချက်များကိုသော်
 လည်းကောင်း၊ ဖောက်ဖျက်ကျူးလွန်ပါက အိမ်ခန်းမှ အမြန်ဆုံး ဖယ်ရှားသိမ်းယူခြင်းခံရမည်။ 
 .
၁၉။ ငှားရမ်းပေးမည့် အိမ်ခန်းအရေအတွက်ထက် အိမ်ခန်းလျှောက်ထားသူအရေအတွက်က ပို၍များ နေပါက နေထိုင်ရန်ပိုမို၍အခက်အခဲရှိနိုင်သူများကို အိမ်ခန်းနေရာချထားရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီက အတည်ပြုရွေးချယ်မည်ဖြစ်သည်။ ကော်မတီ၏ အတည်ပြုရွေးချယ်ခြင်းသည် အတည်ဖြစ်သည်။
.
၂၀။ လျှောက်လွှာတွင်ပတ်(စ်)ပို့ဓါတ်ပုံကပ်ပေးရမည်။ (ပုံနောက်တွင် အမည်နှင့် မှတ်ပုံတင်နံပါတ်ရေးသားရန်)
.
၂၁။ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူနှင့် အိမ်ထောင်စုစာရင်းမိတ္တူပူးတွဲတင်ပြရန်။ 
.
၂၂။ အိမ်ထောင်စုစာရင်းမရှိပါက ရပ်ကွက်အတွင်းနေထိုင်ကြောင်း၊ အိမ်ငှားနေထိုင်သူ ဖြစ်ကြောင်း (သို့) ဆွေမျိုးအိမ်တွင် နေထိုင်သူဖြစ်ကြောင်း (ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်) ပူးတွဲတင်ပြရန်။
.
၂၃။ အချက်အလက်များ မှားယွင်းစွာဖြည့်သွင်းတင်ပြခြင်း၊ လိမ်လည်တင်ပြခြင်းများ တွေ့ရှိရပါက လျှောက်ထားသူစာရင်းမှ ပယ်ဖျက်ပါမည်။
.
အိမ်ခန်းနေရာအငှားချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ 
သုခဒဂုံပြည်သူ့အငှားအိမ်ရာ


 

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ အိမ်ခန်းများ ငှားရမ်းနေထိုင်ခွင့်လျှောက်ထားနိုင်ကြောင်း ကြော်ငြာခြင်း

 

၁။ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်းမကြီးနှင့် ရန်ကုန် မြို့ပတ်လမ်းမကြီး လမ်းဆုံအနီးတွင် အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးပြီဖြစ်သော သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိအိမ်ခန်းများအား နေရေး အခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိ တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအား သတ်မှတ်ငှားရမ်းခနှုန်း ထားဖြင့် ငှားရမ်းပေးသွားမည် ဖြစ်ပါသည်။ 

၂။ အိမ်ခန်းငှားရမ်းခွင့် လျှောက်ထားလိုသူများအနေဖြင့် လျှောက်လွှာ များကို အောက်ပါနေရာများတွင် ဆက်သွယ်ဝယ်ယူ၍ လျှောက်ထား နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-

(က) ပြည်သူများနှင့်အငြိမ်းစားဝန်ထမ်းများအနေဖြင့် ... အိမ်ခန်း လျှောက်လွှာများကိုသက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး များတွင် ဝယ်ယူပြီး သတ်မှတ်ပုံစံများအတိုင်း ဖြည့်စွက်၍ မိမိတို့ဝယ်ယူခဲ့သည့် နေရာများတွင် သတ်မှတ်ရက်အတွင်း လျှောက်လွှာများ ပြန်လည်တင်ပြသွားရန်၊

( ခ ) ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာဌာနများမှ စုစည်း၍ ဌာနအလိုက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် ဝယ်ယူ၍ လျှောက်လွှာများ ပြန်လည်တင်ပြသွားရန်၊ ၃။ လျှောက်လွှာများရောင်းချခြင်းနှင့် ပြန်လည်တင်သွင်းရမည့်ရက်မှာ

၃-၇-၂၀၂၃ ရက်မှ ၃၁-၇-၂၀၂၃ ရက်အထိ ရုံးချိန်အတွင်း

ဖြစ်ပါသည်။

(တိုက်ခန်းလျှောက်ထားရန်ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ Website (www.yangon.gov.mm) နှင့် (DUHD-Ygn) Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ အသေးစိတ်သိရှိ လိုပါက ဖုန်း-၀၉-၆၉၉၉၉၈၈၁၄၊ ၀၁-၈၃၇၉၀၆၁ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။)

အိမ်ခန်းနေရာအငှားချထားရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ 

သုခဒဂုံပြည်သူ့အငှားအိမ်ရာ

 

(DUHD-Ygn) Facebook Page

https://www.facebook.com/duhd.yangon?mibextid=ZbWKwL

 

 

 

 

Laws and Regulations Local Public Housing Read 2756 times