တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းတွင် မြို့နယ် ၃ ခုကို ချိတ်ဆက် ထားမည်


27 January, 2021

တရုတ်နိုင်ငံမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းတွင် စီးပွားရေးအရ အချက်အခြာကျသည့် မြန်မာနိုင်ငံ၏ မန္တလေး၊ ရန်ကုန်နှင့် ကျောက်ဖြူမြို့တို့အား ချိတ်ဆက်ဖြတ်သန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု RCEP အဖွဲ့ဝင်နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်နေပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းတစ် လျောက်တွင် နှစ်နိုင်ငံဘက်မှ များပြားလှသည့် ရင်းနှီးမြှုပ်နှံမှုများအား လိုအပ်ပြီး ယင်း စီးပွားရေးစင်္ကြလမ်းသည် ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ကုန်သွယ်မှုလွယ်ကူမည့် အခြေခံအဆောက်အအုံနှင့် အစီအမံများ ဖြစ်လာမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်း ရှင်များ အသင်းချုပ်မှ သိရသည်။

ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partn ership RCEP) အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်ရန်နှင့် စီးပွားရေးအခွင့်အလမ်းများ ဆွေးနွေးရန် တရုတ်-အာဆီယံ Business Council နှင့် Guizhou Provincial Peoples Government တို့ ဇန်နဝါရီလတွင်း ပူးပေါင်း ကျင်းပသည့် ဆွေးနွေးပွဲမှ သိရသည်။

မြန်မာနိုင်ငံမှ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(RCEP) စာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးပြီး ၂၀၂၀ ခုနှစ်တွင်းက ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်ရေးဒေသ၏ အဖွဲ့ဝင်ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ထို့ပြင်အာဆီယံ ၁၀ နိုင်ငံ နှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် နယူးဇီလန်၊ တရုတ်၊ ဂျပန်၊ ဩစတေးလျ၊ တောင်ကို ရီးယားတို့အပါအဝင် အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုစာချုပ်(RCEP) အား ၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်းက စာချုပ်ချုပ်ဆိုခဲ့ပြီး မြန်မာနိုင်ငံ အနေဖြင့်လည်း အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်းချို 

Local Factory and Industrial Plant Read 3141 times