အထပ်မြင့် စီမံကိန်းနှင့်တည်ဆောက်ရေးလုပ်ငန်းများအတွက် တတိယကြားခံ ပညာရှင်များကို ခေါ်ယူနေ


24 December, 2019

အထပ်မြင့်နှင့်အများပြည်သူသုံးအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင် အဖွဲ့က (Third Party Inspection Team) အဆောက်အအုံပြင်ပ စစ်ဆေးရေး ပညာရှင်အဖွဲ့အတွက် လုပ်ကိုင်လိုသည့် ပညာရှင်များကို ခေါ်ယူထားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အသိအမှတ်ပြုတရားဝင်ဖွဲ့စည်းထားသည့် အထပ်မြင့်နှင့်အများပြည်သူ သုံးအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင်အဖွဲ့ကို သြဂုတ်လအတွင်းက ပြန်လည်ဖွဲ့စည်းခဲ့သည်။

အသစ်ဖွဲ့စည်းထားသည့် ယင်းအဖွဲ့သည် မြန်မာနိုင်ငံအတွင်းရှိ အထပ်မြင့်နှင့်အများပြည်သူသုံး အဆောက်အအုံများကို ပညာရှင်အဖွဲ့ကချမှတ်ထားသည့် လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ရေး၊ နိုင်ငံတကာတွင်ကျင့်သုံးနေသော အထပ်မြင့်ဆိုင်ရာကျင့်ထုံးများနှင့်အညီ ဆောင်ရွက်ရေးတို့အတွက်ဆောက်လုပ်ရေးလုပ်ငန်းများတွင် တတိယကြားခံအဖြစ်ဆောင်ရွက်နိုင်ရန် ပညာရှင်အဖွဲ့လိုအပ်လာသည်။

ထို့ကြောင့် အထပ်မြင့်နှင့်အများပြည်သူသုံးအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ် စစ်ဆေးရေး ပညာရှင် အဖွဲ့က တတိယကြားခံအဖြစ်ဆောင် ရွက်နိုင်ရန် ပညာရှင်အဖွဲ့ခေါ်ယူရန် အစည်းအဝေးပြုလုပ်ကာဆုံးဖြတ်ခဲ့သည်။

ချီလီနိုင်ငံ ဗယ်လ်ပါရိုင်ဆို(Valparaiso) မြို့၏ တောမီးလောင်မှုကြောင့် နေအိမ်ပေါင်း ၂၀၀ ကျော် ပျက်စီး တတိယကြားခံအဖြစ်ဆောင်ရွက်လိုသည့် ပညာရှင်များ၊ကုမ္ပဏီများအနေဖြင့် ၂ဝ၂ဝဖေဖော်ဝါရီလ ၁၄ရက် နောက်ဆုံးထားကာသတ်မှတ်လျှောက်လွှာပုံစံများဖြင့်လျှောက်ထားနိုင်ကြောင်း ကြေငြာထားသည်။ လျှောက်ထားလိုသူများအနေဖြင့် အထပ်မြင့်နှင့်အများပြည်သူသုံးအဆောက်အအုံ တည်ဆောက်ရေးစီမံ ကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင် အဖွဲ့ရုံး၊ အတွင်းရေးမှူး 0925019163၊တွဲဖက်အတွင်းရေးမှူး 09254278737သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

Local Read 49 times