အမေရိကန်မှ အိမ်ဖြူတော် အကြောင်းသိကောင်းစရာ


01 January, 2020

အိမ်ဖြူတော်ဆိုတာကတော့ အမေရိကန်သမ္မတ အဆက်ဆက်တိုင်းရဲ့ နေအိမ် အဆောက်အအုံ အလုပ်တာဝန်ထမ်းဆောင်စဉ်နေထိုင်ရာအဆောက်အအုံအဖြစ်လူသိများပါတယ်။အိမ်ဖြူတော်ဆိုတဲ့ အတိုင်း အဖြူရောင်အဆောက်အဦကြီးဖြစ်ပြီး ဝါရှင်တန် ဒီစီ ရဲ့ ပန်စလေဗေးနီးယားရိပ်သာ တွင်တည်ရှိပါတယ်။

အဆိုပါအိမ်ဖြူတော်ကြီးမှာ အမေရိကန်ဒေါ်လာ ၂၈၇ သန်းတန်ကြေးရှိပြီး အခန်းပေါင်း ၁၃၂ ထည့်သွင်းတည်ဆောက်ထားကာ အဆောက်အအုံ ဧရိယာက ၅၅၀၀၀ စတုရန်းပေ ကျယ်ဝန်းပါတယ်။နေ့စဉ်နေ့တိုင်း ထို အိမ်ဖြူတော်ကို လာရောက်လည်ပတ်သူ အယောက် ၆၀၀၀ လောက်မှန်းချေရှိတယ်သိရပါတယ်။

 

ထိုအိမ်တွင်နေထိုင်တဲ့ သမ္မတဟာ သူနဲ့ အတူနေ မိသားစုအတွက် လစဉ်လတိုင်း လကုန်ရက်များတွင် အစားအသောက်ဖိုး ထို့ပြင် နေအိမ်သုံးပစ္စည်းများအတွက် ဝယ်ယူစရိတ်ကို သူ့လစာထဲမှ ပေးချေ ရပါတယ်။အိမ်ဖြူတော်ကြီးမှာ တန်းနစ် အားကစားကွင်း ၊ ဥယျာဉ် ၊ ပြေးလမ်း ၊ ရေကူးကန် နဲ့ ရုပ်ရှင်ရုံ ၊ ဘီလီးယက် ထိုးခန်း ၊ ဘိုးလင်းခန်းမ အပြင် ဘတ်စကက်ဘော ကစားခန်းလည်း တည်ဆောက်ထားပါတယ်။

 

စားဖိုဆောင်ကိုလည်းကြီးမားစွာတည်ဆောက်ထားပြီး အချိန်ပြည့်စားဖိုမှုးငါးယောက်ဌားရမ်းထားကာ ဧည့်သည် ၁၄၀ စာချက်ပြုတ်နိုင်တယ်သိရပါတယ်ထို့ပြင် လူပေါင်း ၁၀၀၀ ကျော်ထိစားသောက်နိုင်တဲ့ စားသောက်ခန်း တည်ဆောက်ထားတယ်သိရပါတယ်။သမ္မတ သီရိုဒို ရုစဘဲ့ ခေတ်မှာ ထိအိမ်ကြီးကို အိမ်ဖြူတော်လို့ နာမည်ပေးခဲ့တာဖြစ်ပြီး ထို သမ္မတ စံအိမ်ကို ၁၉၀၁ ခုနှစ်ထိ နာမည်မည်မည်ရရ ပေးအပ်ခဲ့တာမျိုးမရှိပါဘူး။ သမ္မတ နန်းတော် ၊ အရာရှိ နေအိမ် အစရှိသဖြင့်သာခေါ်ဆိုခဲ့ကြပါတယ်။

 

ထိုအိမ်ကြီးကို ဆေးအဖြူသုတ်ခဲ့ရာတွင် ဆေးဂါလံပေါင်း ၅၇၀ ဂါလံ ကုန်ခဲ့ပါတယ်တဲ့။ထိုအိမ်ဖြူတော်ထဲ ဖုန်းပထမဆုံးအသုံးပြုတဲ့ သမ္မတမှာ ရူသာဖိုသ့် ဘီ ဟရေ့စ် ဖြစ်ပြီး ၁၈၇၉ ခုနှစ်မှယာ စတင်အသုံးပြုခဲ့ကာ ဖုန်းနံပါတ်က ၁ တစ်လုံးတည်းပါလို့သိရပါတယ်။ထိုအိမ်ဖြူတော်ကြီးမှာ ပထမဆုံးနေခဲ့တဲ့ သမ္မတမှာ ဂျွန် အဒမ်ဖြစ်ပြီး ၁၈၀၀ ခုနှစ် နိုဝင်ဘာလ မှာ အသင့်နေ သမ္မတ အိမ်တော်ကြီးသို့ပြောင်းရွေ့နေထိုင်ခဲ့တယ်သိရပါတယ်။

Global Read 221 times