သံချည်သံကွေးအကြောင်းသိမှတ်ဖွယ်


20 December, 2020

သံချည် သံကွေး ပြုလုပ်ရာတွင်အတိုင်းအတာ နှင့် ကုန်ကျ တာလေး ဗဟုသုတ အဖြစ် တင်ပေးလိုက်ပါတယ်။သံချောင်း ရှည် တစ်ချောင်း ဆိုက်မှန်ပါက ပေ ၄၀' ရှည်ပါတယ် ယခု အသုံးပြုနေ ``ရောင်းချနေသော သံ များမှာ ၃၉' ပေ ၆" သာရှိပါတယ် ။

စတားကွင်း ကွေးသော``တစ်မတ်လုံး သံ တစ်ဟန်တွင် ၆"×၆ "လက်မ ပတ်လည် စတားကွင်း ၄၅၀ ရရှိပါတယ် ။


၉"×၉" လက်မ ပတ်လည် စတားကွင်း ၄၀၁ ကွင်း ရရှိပါတယ် . အဆောက်ဦး. တိုင် တွေရဲ့ သံဆင်ရာတွင် စတားကွင်း အကွာအဝေး ၈" လက်မ ၉" လက်မ ခြားထားကြပါတယ် "

 

အခု ကျွန်တော်တို့မှာ ၉" လက်မခြား စတားကွင်း နှင့်ပြုလုပ်ပါတယ် ၊ ၉ လက်မခြား စတားကွင်း ၁၀' ပေ အရှည် တိုင်းလုံးရာတွင် ၁၃ ကွင်းကုန်ပါတယ် .စတားကွင်းကတော့ ကိုယ်လိုချင်တဲ့ အကွာအဝေး ထည့် သုံးလို့ ရပါတယ်။

 

( Rc )ဆလက်လောင်း တဲ့နေရာတွေမှာ သံဆင်မယ် .သံမျက်ကွင်း ရက် တဲ့အခါ ၆" လက်မခြား မျက်ကွင်း ထည့် ကြပါတယ်။

 

>>>>>><<<<<<>>>>>><<<<

 

သံ တစ်တန်မှာ အချောင်း အရေအတွက်.ပေ ၄၀ ဆိုက်ပြည့် >>

 

၅ မူးသံ = ၈၈ ချောင်း.၁၂ မီလီ
၆ မူးသံ =၅၃ ချောင်း.၁၆ မီလီ
၃ မတ်သံ= ၃၃ ချောင်း .၂၀ မီလီ
၁ကျပ်လုံး = ၂၁ ချောင်း.၂၅ မီလီ

Construction Materials Read 568 times