သီလဝါတွင် မဂ္ဂါဝပ် ၁၂၀၀ ဖြန့်ဖြူးပေးမည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ ဖော်ဆောင်မည်


17 December, 2020

ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါအထူးစီးပွားရေးဇုန်တွင် မြန်မာ-ဂျပန်ကုမ္ပဏီများ ပူးပေါင်း၍ LNG သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းဆောင်ရွက်ရန် ယခုနှစ် နှစ်ဆန်းပိုင်းတွင် လက်မှတ်ရေးထိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမိတက် (MAPCO) အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းအောင်၏ ပြောကြားချက်အရ သိရပါတယ်။

 အဆိုပါစီမံကိန်းကို သီလဝါအထူးစီးပွားရေးဇုန်ရှိ ယခင်သီးနံှသိုလှောင်ရုံ ဘက်စုံသုံးဆိပ်ကမ်းစီမံကိန်းလုပ်ဆောင်ရန် ရည်ရွယ်ထားသည့်နေရာတွင် အစားထိုးဖော်ဆောင်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမှာဖြစ်ပါတယ်။ 

၎င်းစီမံကိန်းအတွက် MAPCO နှင့် Eden Group တို့ ပူးပေါင်းထားတဲ့ Myanmar Consortium အဖွဲ့နှင့် ဂျပန်နိုင်ငံမှ Marubeni Corporation၊ Sumitomo Corporation နှင့် Mitsui ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း သိရပါတယ်။

 ပထမဖော်ဆောင်မည့် စီမံကိန်းနေရာကို LNG သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး ၎င်းစီမံကိန်းကနေ လျှပ်စစ်ဓာတ်အား

 (၁၂၀၀) မဂ္ဂါဝပ်ကျော် ထုတ်လုပ်နိုင်မယ်လို့ လျာထားကြောင်း၊ ဒါ့ပြင် စက်မှုဇုန်တွေအတွက်လည်း လျှပ်စစ်ဓာတ်အား အထောက်အကူရရှိလာမှာဖြစ်ကြောင်း၊ ပူးပေါင်း ဆောင်ရွက်မယ့် ကုမ္ပဏီတွေနဲ့လည်း ဆွေးနွေးမှုတွေပြုလုပ်နေကြောင်း ဦးရဲမင်းအောင်က ပြောပါတယ်။ 

မြန်မာနိုင်ငံအတွင်း လျှပ်စစ်ကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုမှာ ယခုနောက်ပိုင်း ပိုမိုများပြားလာကြောင်း၊ ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ မြန်မာနိုင်ငံ အတွင်း လျှပ်စစ်ကဏ္ဍတွင် ဝင်ရောက်ထားသည့် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၂၁) ဘီလီယံကျော်ရှိကြောင်း သိရပါတယ်။

Factory and Industrial Plant Read 52 times