ရန်ကုန်တိုင်းအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျင်မြန်စွာပြုလုပ်နိုင်သည့် စီမံကိန်း ၃ဝ ရှိ


13 December, 2019

ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျင်မြန်စွာပြုလုပ်နိုင်သည့် စီမံကိန်း ၃ဝ ရှိကြောင်း သိရသည်။
 
ဇွန် ၃ ရက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သော ရန်ကုန်မြို့၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်သွားမည့် Yangon Project Bank အကြောင်း ရှင်းလင်းခြင်းအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက အထက်ပါအတိုင်း ပြောသည်။
 
Yangon project bank ထဲတွင် စီမံကိန်း စုစုပေါင်း ၈ဝ ရှိပြီး၊ ယင်း ၈ဝ အနက် ၃ဝ မှာ စီမံကိန်းဖြစ်မြောက်နိုင်ရေးလေ့လာမှု (Feasibility Study) နှင့် စီမံကိန်းဖြစ်မြောက်နိုင်ရေး အကြိုလေ့လာမှု (Pre-Feasibility Study) ဆောင်ရွက်ပြီးသားဖြစ်ကြောင်း သိရသည်။
 
''အဲဒီ ၃ဝ ကတော့ တစ်ခါတည်း နိုင်ငံခြားသားများ လာလို့ရှိရင် အလွယ်တကူ လေ့လာကြည့်ရှုပြီးတော့မှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်တဲ့ စီမံကိန်းဖြစ်ပါတယ်''ဟု ဝန်ကြီးဦးမြင့်သောင်းက ပြောသည်။
 
Yangon Project Bank တွင် ထည့်သွင်းထားသည့် ဖွံ့ဖြိုးမှု စီမံကိန်း ၈ဝ တွင် နိုင်ငံတော်မှ အကောင်အထည်ဖော်နိုင်သည့် စီမံကိန်းများပါဝင်သကဲ့သို့ PPP ဖြင့် ဆောင်ရွက်မည့် စီမံကိန်းများလည်းပါဝင်ကြောင်း သိရသည်။
 
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နှစ်တို၊ နှစ်လတ်နှင့် နှစ်ရှည်စီမံကိန်းများ ရေးဆွဲခဲ့ကြောင်း သိရသည်။
 
Yangon Project Bank တွင် ထည့်သွင်းထားသည့် စီမံကိန်း ၈ဝ တွင် Dala City Develop ၊ ရန်ကုန်မြို့သစ်စီမံကိန်း အပိုင်း(၁)၊ ရန်ကုန်မြို့သစ်စီမံကိန်းအပိုင်း(၂)၊ ရန်ကုန်အထူးစီးပွားရေးဇုန်၊ အိမ်ရာများ ပြန်လည်ဖွံ့ဖြိုးမှု စက်မှုန်ဇုန် ၂၉ ဇုန်အဆင့်မြှင့်တင်ရေးစီမံကိန်း များ၊ ရန်ကုန်စည်ပင်နယ်နိမိတ်ပြင်ပ ၁၁ မြို့နယ်တို့တွင် စက်မှုဇုန်သစ်များ အကောင်အထည်ဖော်ရေးစီမံကိန်းများ၊ ရန်ကုန်တိုင်းအတွင်းရှိ ဈေးပေါင်း ၂ဝ ကျော် အဆင့်မြှင့်တင်မည့်စီမံကိန်းများပါဝင်ကြောင်း သိရသည်။

Local Mixed Use and Urban Read 53 times