ရန်ကုန်မြို့သစ်စီမံကိန်းအား ကနဦး အနေဖြင့် လုပ်ငန်းစဉ်ခုနှစ်ခုဖြင့် စတင်လုပ်ကိုင်


04 December, 2020

ရန်ကုန်မြို့သစ်စီမံကိန်းအား ကနဦး အနေဖြင့် လုပ်ငန်းစဉ်ခုနှစ်ခုဖြင့် စတင်လုပ်ကိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ ဒုတိယဥက္ကဋ္ဌထံမှ သိရသည်။

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တရုတ်နိုင်ငံ အစိုးရပိုင်ဖြစ်သည့် ကုမ္ပဏီတစ်ခုကို ရွေးချယ်ထားပြီး လုပ်ငန်းစဉ် ခုနှစ်ခုဖြစ်သည့် တံတားနှစ်စင်းတည်ဆောက်ရေး ၂၆ ကီလိုမီတာရှည်လျားသည့်

လမ်းမဖော်ဆောင်ရေးမြေသိမ်းခံရသူများကို ပြန်လည် နေရာချထားရန် ၂၆ ကီလိုမီတာ(၆၅ဝဝ ဧကခန့်) အကျယ်ရှိ မြို့ရွာဖော်ဆောင်ရေး၊အလုပ် အကိုင်အခွင့်အလမ်းအတွက်

စက်မှုဇုန်၊လျှပ်စစ်မီးရရှိရေ၊ရေ နှင့် ရေဆိုးစွန့်ပစ်ရေးလုပ်ငန်းများ ဖော်ဆောင်မည်ဖြစ်ကြောင်း၊ယင်းလုပ်ငန်းစဉ်များအတွက် ကုန်ကျစရိတ်မှာ ကန်ဒေါ်လာ ၂ ဘီလီယံရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

အလုပ်အကိုင်အခွင့်အလမ်းမျာ ရရှိလာစေမည့် စီမံကိန်းတစ်ခုလည်းဖြစ်သည်။လေ့လာဆန်းစစ်မှုများပြုလုပ်ပြီးလျှင် စတင်လုပ်ဆောင်မည်ဖြစ်သည်။

လောလောဆယ် စတင် လုပ်ကိုင်မည့် ကုမ္ပဏီနှင့် သဘောတူစာချုပ်ချုပ်ဆိုနိုင်မည်ဖြစ်သည်။လုပ်ကိုင်မည့်ကုမ္ပဏီ ကိုရွေးချယ်ရာတွင် နိုင်ငံတကာအတွေ့အကြုံရှိပြီး

မြို့သစ်စီမံကိန်းဖော်ဆောင်ရာတွင် စနစ်တကျ လုပ်ကိုင်နိုင်မည့် ကုမ္ပဏီ ကို စိစစ်ရွေးချယ်ခဲ့ခြင်ဖြစ်သည်။

ထို့ပြင် ရန်ကုန်မြို့သစ်စီမံကိန်းဖော်ဆောင်ရေးလေ့လာဆန်းစစ်မှုများ ပြုလုပ်ရန် တရုတ်နိုင်ငံ အစိုးရပိုင် CCCC ကုမ္ပဏီနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တို့ ပဏာမမူဘောင် သဘောတူညီမှု စာချုပ်အား မေလအတွင်းက လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

ယင်းကုမ္ပဏီသည် နိုင်ငံတကာ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်ပြီး လုပ်ငန်းအတွေ့အကြုံရှိသော ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။

ယင်းစီမံကိန်းကို မြေဧကပေါင်း ၂ဝဝဝဝ တွင် ပထမအဆင့်လုပ်ငန်းများ ဖော်ဆောင်ရန် စီစဉ်ထားကြောင်း ရန်ကုန်မြို့သစ်စီမံကိန်းမြေများကို သီလဝါအထူးစီးပွားရေးဇုန်မြေဈေးများထက်

လျှော့ချပေးမည်ဖြစ်ပြီး အလုပ်သမားဦးရေခန့်အပ်မှုပေါ်မူတည်၍ မြေဈေးနှုန်းသတ်မှတ်မည်ဖြစ်ကြောင်းသိရသည်။

Mixed Use and Urban Read 40 times