ကမ္ဘာ့ပထမဆုံးနှင့် အကြီးဆုံးဖြစ်လာမည့် ရေပေါ်မြို့သင်္ဘောကြီး


20 November, 2020

ကမ္ဘာ့ပထမဆုံးနှင့် အကြီးဆုံးဖြစ်လာမည့် ရေပေါ်မြို့သင်္ဘောကြီး အရှည် ၁၃၁၇မီတာ၊ဗျက်အကျယ် ၂၂၁၊မီတာ အမြင့် ၁ဝ၃မီတာ ရှည်လျားသည်။

တန်ချိန် နှစ်သန်း ခုနှစ်သိန်းတန် ကွင်းမေရီ သင်္ဘောထက် လေးဆခန့် ကြီးသည်။အထပ် ၂၅ထပ် မြင့်ပြီး သင်္ဘောသားနှစ်သောင်း ရှိမည်။ နှစ် နှစ်ကို ကမ္ဘာတစ်ပတ်ပတ်ပြီးသားဖြစ်ရမည်။

သင်္ဘောပေါ်တွင် အမြဲတန်း နေထိုင်ရန် လူငါးသောင်း အတွက်အခန်းရှိသည်။

သင်္ဘောပေါ်တွင် ကျောင်းဆေးရုံ၊စူပါမားကတ်၊အနုပညာပြတိုက်၊ရုပ်ရှင်ရုံ၊ကာစီနို၊ဟော်တယ် အစုံရှိသည်။

ခေါင်မိုးပေါ်တွင် အငယ်စားလေယာဉ်ကွင်း၊ရဟတ်ယာဉ်ကွင်းရှိပြီး အမြီးပိုင်းတွင် ကူးတို့သင်္ဘောငယ်များဆိုက်ကပ်ရန် ဆိပ်ကမ်းရှိသည်။

နေ့စဉ်အလည်လာမည့် ခရီးသည် သုံးသောင်းအား ဧည့်ခံနိုင်ရန် ညအိပ်ဧည့်သည်တစ်သောင်း အိပ်စက်ရန် နေရာရှိသည်။

အမေရိကန်နိုင်ငံ ဖလော်ရီဒါတွင်တည်ဆောက်နေပြီး ၎င်း၏ အခြေခံ တည်ဆောက်ပုံသည် လေးဒေါင့်ပုံသံမဏိသေတ္တာပုံးကြီး အလုံး ၅၂ဝ အား ဆက်စပ်တွယ်ချိတ်ပြီး အောက်ခြေ အထိုင်လုပ်ထားခြင်းဖြစ်သည်။

Global Tips Read 100 times