ထူးခြားလှသည့် Capilano ကြိုးတံတား ဥယျာဉ်ကြီး


03 December, 2020

ကနေဒါနိုင်ငံ British Columbia ပြည်နယ်ရှိ အလွန်သာယာလှပသော ဗန်ကူးဗားမြို့၏ အကျော်ကြားဆုံးနှင့် သက်တမ်းအရှည်ဆုံး ဆွဲဆောင်မှုတစ်ခုမှာ ထူးခြားလှသည့် Capilano ကြိုးတံတား ဥယျာဉ်ကြီးပင်ဖြစ်သည်။

တောင်နှစ်ခုကြားတွင်ဖြတ်သန်းစီးဆင်းနေသည့် Capilano မြစ်၏ အပေါ်ပေ ၂၃ဝ မြင့်သည့် နေရာတွင် တစ်ဘက်တစ်ချက်ကို သွယ်တန်းထား၍ တိုင်မပါသော ကြိုးဆိုင်းတံတားဖြစ်ပြီး ပေ ၄၆ဝ ရှည်သည်။

၁၈၈၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့၍ ထိုစဉ်ကပိုက်ဆံ လျှော်ပင်မှ ရသည့် ကြိုးများဖြင့် ဆိုင်း၍ သစ်ကတိုး(တောင်ကမာ)ပျဉ်ပြားများခင်းထားခဲ့ကြောင့် သိရသည်။

၁၉၅၆ ခုနှစ်တွင်သံမဏိ ကြိုးနှင့် ခိုင်ခံ့သော သစ်သားကြမ်းခင်းတို့ဖြင့် တည်ဆောက်ခဲ့သည်။ပုဂ္ဂလိကအဆင့်ဆင့်ပိုင်ဆိုင်သည့် ဥယျာဉ်နှင့် တံတားကြီးဖြစ်၍ ယင်းသို့ဒေသခံများအပြင် တစ်နှစ်လျှင် ပြင်ပဧည့်သည် ၈၅ဝ,ဝဝဝ ကျော်လာရောက်အပန်းဖြေလေ့လာကြကြောင်းသိရသည်။

မြစ်၏ အနောက်ဘက်ခြမ်းတွင် ၂ဝဝ၄ ခုနှစ်တွင်ဖွင့်လှစ်ခဲ့သည့် သစ်ပင်ထပ်ဖျားမှ စွန့်စားခန်းများနေရာသည်လည်း စိတ်ဝင်စားစရာ ကောင်းလှသည်။

နှစ်ပေါင်းရာချီ၍ သက်တမ်းရင့်နေပြီး ဖြောင့်တန်းနေသော သစ်ပင်ကြီး ၈ ပင်ကို တစ်ပင်နှင့် တစ်ပင်ကြားပေ ၁ဝဝ ခန့်မြင့်သည့်နေရာတွင် တံတား တစ်စင်းစီဖြင့် စုစုပေါင်း ၇ စင်း ဆက်စပ်ထားခြင်းဖြစ်ကာ

ယင်းတို့ကို စိတ်လှုပ်ရှားဖွယ် ရာ ဖြတ်သန်းရင်း တောတောင်သဘာဝ အလှများကို အပေါ်စီးမှ အနီးကပ်မြင်တွေ့နိုင်သည်။

စိမ်းလန်းစိုပြည်လှသည့် သဘာဝ တောအုပ်အတွင်း စိတ်ဝင်စားဖွယ်ရာစိတ်လှုပ်ရှားဖွယ်ရာတံတားများကို ဖန်တီးထားခြင်းဖြစ်ပြီး အပန်းဖြေ လေ့လာစရာ နေရာလည်း များလှသော ဗန်ကူးဗားမြို့ပင်ဖြစ်သည်။

Global Tips Read 53 times