ကျူးလစ်တာဝါ ဆောက်လုပ်ခွင့် ပယ်ချခံရ


13 November, 2021

ခရီးသွားလုပ်ငန်းအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်လာမယ့် ကျူးလစ်တာဝါ ဆောက်လုပ်ခွင့်ကို ယူကေအာဏာပိုင်တွေက ပယ်ချလိုက်ပါတယ်။

The Tulip လို့ အမည်ပေးထားတဲ့ တာဝါရဲ့ အမြင့်က ၃၀၅ မီတာ ရှိပါတယ်။ မြို့မှာ အမြင့်ဆုံး အဆောက်အဉီ ဖြစ်ပြီး အနီးပတ်ဝန်းကျင်မှ Tower of London အပါအဝင် ရှေးဟောင်း အဆောက်အဦတွေကို အနှောင့်အယှက်ပြုရာ ရောက်နေလိမ့်မယ်လို့ သုံသပ်တဲ့အတွက် ဆောက်လုပ်ခွင့်ကို ပယ်ချလိုက်တာ ဖြစ်ပါတယ်။


The Tulip ကို ဘရာဇီး အဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်း J Safra Group က စီစဉ်တာ ဖြစ်ပြီး ဗိသုကာတွေက Foster + Partners ဖြစ်ပါတယ်။ တာဝါမှာ မြို့ရှုခင်းကြည့်ဖို့ နေရာ၊ စားသောက်ဆိုင်နဲ့ မိုပျံစာသင်ခန်းတို့ ပါဝင်တာကြောင့် ကိုဗစ်လွန်ကာလမှာ မြို့ရဲ လူနေမှုဘဝအတွက် လိုအပ်တယ်လို့ ၎င်းတို့က ပြောကြားပါတယ်။

ဒါပေမဲ့ အနီးပတ်ဝန်းကျင်မှာ သမိုင်းဝင် ရှေးအဆောက်အဉီတွေ ရှိနေတာကြောင့် ကျူးလစ်တာဝါက ထိခိုက်လိမ့်မယ်လို့ မြို့အာဏာပိုင်တွေက သုံးသပ်ပါတယ်။

တာဝါမှာ အတက်အဆင်းအတွက် ဓာတ်လှေကားများ ပါပြီး ထိပ်ပိုင်းမှာ စားသောက်ဆိုင်၊ ရှုခင်းကြည့်ရန် နေရာများနဲ့ စာသင်ခန်းတို့ ပါဝင်ပြီး ရုံးခန်းနဲ့ လူနေတိုက်ခန်း မပါဝင်တာကြောင့် မြို့တော်ဝန် Sadiq Khan က မြို့နေလူထုအတွက် အကျိုးမများဘူးလို့ သုံးသပ်ပါတယ်။

 

 

 

 

Global Read 609 times