အငှားဈေးကွက်နည်းနေပြီး ပေါင်နှံမှုများ ကျယ်ပြန့်နေ


23 November, 2020

လက်ရှိတွင် အိမ်ခြံမြေဈေးကွက်အနေအထားသည် အရောင်းအဝယ်နှင့် အငှားဈေးကွက်နည်းနေပြီး ပေါင်နှံမှုများ ကျယ်ပြန့်နေကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း တာဝန်ရှိသူများက ပြောသည်။

အရောင်းအဝယ်မဖြစ်တော့ ငွေလိုတာပေါ့။ ငွေလိုတဲ့သူတွေက ကိုယ်ပိုင်တဲ့ အိမ်ခြံမြေတွေကို အရောင်းအဝယ် မဖြစ်တဲ့အခါ ဘဏ်တွေမှာ အပေါင်ထားတယ်။

ဘဏ်တွေမှာ စပြီးအပေါင်ထားရင်းနဲ့ အိမ်ခြံမြေဈေးကွက်က အပေါင်ဈေးကွက် ၂ဝ၁၅ မှာ ကြီးကြီးမားမား စပြီးတော့ ပေါ်ပေါက်လာတယ်။ ၂ဝ၁၆ ခုနှစ်မှာလည်း ပိုပြီးတော့ အားကောင်းလာတယ်ဟု

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ဥက္ကဠ မှ အိမ်ခြံမြေပေါင်နှံမှုများ ပေါ်ပေါက်လာပုံကို ရှင်းပြသည်။

အရောင်းအဝယ်က လေးတဲ့အခါကျတော့ အပေါင်က သွက်လာတာပေါ့ဟုလည်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဆိုသည်။

မြေဈေး၊ အိမ်ဈေးတွေက ကျတာပဲ။ အခုလည်း ကျတာပဲ။ ကျတဲ့အခါကျတော့ အမြင့်ဈေးနဲ့ ယူထားတဲ့သူတွေက ပြန်မရောင်းနိုင်ကြဘူး။

ပစ္စည်းကိုလည်း အရှုံးမခံနိုင်၊ လက်လည်း မလွှတ်ချင်တဲ့အခါကျတော့ အပေါင်ထားလိုက်ကြတာပေါ့။ အပေါင်ထားတဲ့အခါ မူလသူတို့ဝယ်ထားတဲ့ ပစ္စည်းတန်ဖိုး ထက်ဝက်သာသာလောက်

ရောက်ရင်လည်း ရောကသည် ဟု ၎င်းကဆက်ပြောသည်။

အိမ်ခြံမြေပေါင်နှံမှုများတွင် ဂရန်ရှိသည့် ပေါင်နှံသူများသည် အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ်များသို့ လည်းကောင်း၊ ဂရန်မရှိသူများသည် အခြားသော ပုဂ္ဂလိက အပေါင်ခံသူများထံတွင်လည်းကောင်း

ပေါင်နှံကြရသည်ဟု ဈေးကွက်အတွင်းမှ စုံစမ်းရရှိသည်။

ထိုကဲ့သို့ ပေါင်နှံရာတွင် အတိုးနှုန်းထားအမျိုးမျိုးရှိကြပြီး တစ်ဦးနှင့်တစ်ဦးတူညီခြင်း မရှိကြောင်း သိရသည်။

လူတွေလက်ထဲမှာ ငွေမရှိဘူး။ ငွေလည်ပတ်အောင်တော့ ပေါင်ပြီးတော့ ရတဲ့ငွေနဲ့ လည်ပတ်မှရမယ့် အနေအထားပေါ့။ အိမ်ခြံမြေ ဝင်ငွေခွန် လျော့သွားမယ်ဆိုရင်တော့ ငွေလက်ထဲမှာ

ရသွားပြီဆို ပေါင်တဲ့လုပ်ငန်းတွေက လျော့ကျလာမယ်လို့ မြင်သည် ဟု သိရသည်။

လာမယ့် နှစ်သစ်မှာ အိမ်ခြံမြေ ဝင်ငွေခွန်နဲ့ပတ်သက်တဲ့ အထူးဥပဒေတစ်ရပ်အနေနဲ့ သီးသန့်ထပ်ပြီးဆွေးနွေးပြီး ပြဠာန်းပေးမယ်လို့ဆိုတဲ့ အစီအစဉ်လေး ရှိနေတယ်ဆိုတဲ့အတွက်ကြောင့်

စောင့်ကြည့်ရမှာပဲဟု ၎င်းက ဆက်ပြောသည်။

၂ဝ၁၇ ခုနှစ်ထဲ ဘဏ်များတွင် အိမ်ခြံမြေပေါင်သည့်ဈေးကွက်က ပိုကြီးထွားလာကာ လက်ရှိလည်း အားကောင်းနေဆဲဖြစ်ကာ ရှေ့ဆက်၍လည်း အိမ်ခြံမြေဈေးကွက်က

အေးနေမည့်အခြေအနေရှိသဖြင့် အပေါင်ဈေးကွက် ဆက်အားကောင်းနေဦးမည်ဟု အိမ်ခြံမြေအကျိုးဆောင်ကြီးများက သုံးသပ်သည်။

အိမ်ခြံမြေရောင်းဝယ်ဈေးကွက်သည် ''အေးနေရာကနေ ခဲခါနီးအနေအထားဖြစ်နေပြီ''ဟုပင် သိရသည်။

အခွန်မဆောင်ခဲ့သည့် ငွေများကို အခွန်သုံးရာခိုင်နှုန်းနှင့် ငါးရာခိုင်နှုန်း ဆောင်ရုံဖြင့် ငွေဖြူအဖြစ် ပြောင်းနိုင်မည့် ပြဠာန်းချက် အတည်ပြုရန် အစိုးရက မကြာသေးမီက ဆောင်ရွက်ခဲ့သဖြင့်

အိမ်ခြံမြေဈေးကွက်ပြန်ဦးမော့စေရန် မကြာသေးမီက မျှော်လင့်ချက်တစ်ရပ်ဖြစ်ပေါ်ခဲ့သော်လည်း လွှတ်တော်က ပယ်ချခဲ့သည်။

နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့၊ ဂျီဒီပီတက်လာဖို့ အနေအထားတွေမှာ အိမ်ခြံမြေဈေးကွက်က ဝင်ငွေခွန်လျှော့ပေးလိုက်မယ်ဆိုရင် အိမ်ခြံမြေ အရောင်းအဝယ်တွေ ပြန်ဖြစ်လာခြင်းအားဖြင့်

ငွေတွေ လည်ပတ်လာနိုင်ခြင်းဟာ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဂျီဒီပီ တိုးတက်ဖို့ကို အထောက်အကူဖြစ်မည်ဟု သိရသည်။

လွှတ်တော်သည် အခွန်လျှော့ပေါ့ပေးမည့် အစီအစဉ်အတွက် အစိုးရတင်ပြသကဲ့သို့ သဘောမတူသော်လည်း သီးသန့်ဥပဒေပြဠာန်းပေးမည်ဟု ဆိုထားရာ ထိုဥပဒေကို အိမ်ခြံမြေဈေးကွက်က

လိပ်ခဲတည်းလည်း စောင့်မျှော်နေကြဆဲဖြစ်သည်။

Local Real Estate & Properties Read 38 times