ဂျပန်နိုင်ငံမှ စိတ်ဝင်စားဖို့အကောင်းဆုံး ဘုရားကျောင်းဆောင်၏ ဗိသုကာလက်ရာများ


24 November, 2020

1. Kinkakuji

ရွှေနန်းတော်ဟု အဓိပ္ပာယ်ရသည့် ကင်ကာကူဂျီ (Kinkakuji) ကျောင်းဆောင်သည် ကျိုတိုမြောက်ပိုင်းမှာ တည်ရှိပါသည်။

ဖန်တီးသူ ဗိသုကာဧ။်စိတ်ကူး အထပ်တိုင်းကို မတူညီသည့် ဗိသုကာလက်ရာမျိုးစုံနဲ့ တည်ဆောက်ထားခြင်းက အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ အဆောက်အဦးတစ်ခု ဖြစ်စေခဲ့သည်။

မြေညီထပ်ကို ဟီအန်းခေတ်က နန်းတော်တွေ ဆောက်လုပ်နေကျပုံစံဖြစ်တဲ့ ရှင်းဒန်းစတိုင်နဲ့ တည်ဆောက်ထားသည်။ ထိုပုံစံရဲ့ ထင်ရှားတဲ့အချက်ကတော့ သဘာဝကျကျ သစ်သားတိုင်လုံးတွေနှင့်

အဖြူရောင်နံရံတွေကို အချိုးကျ ပေါင်းစပ်ထားတာပါ။ ဆာမူရိုင်းအိမ်တွေမှာ တွေ့နေကျပုံစံဖြစ်တဲ့ ဘက်ကီစတိုင်နဲ့ ဆောက်လုပ်ထားပြီး အပြင်ပိုင်းကို ရွှေကနုတ်များနှင့် အလှဆင်ထားတာကတော့ ဒုတိယထပ် ဖြစ်သည်။

အပေါ်ဆုံးထပ်ဖြစ်သော တတိယထပ်ကို တရုတ်ဘုံကျောင်းပုံစံ ဆောက်လုပ်ထားပါသည်။အပြင်ပိုင်းကိုတော့ ရွှေကနုတ်များနဲ့ အလှဆင်ထားပါသည်။ဖျက်ဆီးခံရလည်းပဲ အကြိမ်ကြိမ်ပြန်လည် တည်ဆောက်ခသည်။

ဒီအဆောက်အအုံဟာ အကြိမ်ကြိမ် ဖျက်ဆီးခံခဲ့ရပေမယ့် အကြိမ်တိုင်းမှာ ပြန်လည်ပြုပြင်ခဲ့သည်။ Onin စစ်ပွဲဖြစ်ပွားခဲ့ချိန်မှာ အခြားကန်တိုပြည်နယ်က ဒေသများနဲ့အတူ နှစ်ကြိမ်တိုင် ဖျက်ဆီးခံခဲ့ရပါသည်။နောက်ဆုံးဖျက်ဆီးခံခဲ့ရတာကတော့

၁၉၅ဝ ခုနှစ်မှာ အစွန်းရောက် ဘုန်းကြီးတစ်ပါးက မီးရှို့ဖျက်ဆီးခဲ့တာပါ။ ထို့နောက် ၁၉၅၅ ခုနှစ်မှာ ပြန်ပြင်ဆင်ခဲ့ပါတယ်။ ဒီကျောင်းဆောင်ကြီးကို စတင်တည်ဆောက်သူ စစ်ဗိုလ်ချုပ်ကြီး ယိုရှီမီဆုဟာ ကျိုတိုက လူကုန်ထံ

အထက်တန်းလွှာတွေရဲ့ ဓလေ့ထုံးစံနဲ့ ကိုက်ညီအောင် ငွေကြေးမြောက်မြားစွာ ကုန်ကျခံပြီး ဒီဇိုင်းထုတ်တည်ဆောက်ခဲ့သည်။

၁၄၀၈ ခုနှစ်၊ သူကွယ်လွန်တဲ့အချိန်မှာတော့ ဒီကျောင်းဆောင်ကြီးကို Rinzai လူမျိုးစုတွေကို လွှဲပြောင်းပေးခဲ့ပါတယ်။ ၁၉၈၇ မှာ အကြီးစားပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ကျောင်းဆောင်အမည်တွင်ခဲ့ပုံနှင့် သမိုင်းကြောင်း

ကင်ကာကူဂျီကျောင်းဆောင်ရဲ့ နာမည်က သူရဲ့အသွင်အပြင်ကြောင့် ရရှိလာတာဖြစ်ပါတယ်။ ရွှေနန်းတော်ဟု အဓိပါယ်ရတဲ့အမည်ဟာ ကျောင်းဆောင်အပေါ်နှစ်ထပ်မှာ အလှဆင်ထားတဲ့ ရွှေကနုတ်တွေကို မှီငြမ်းပြီး ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါတယ်။

မူလက စစ်ဗိုလ်ချုပ်ကြီး ယိုရှီမီဆုရဲ့ အပန်းဖြေစံအိမ်ဖြစ်ခဲ့ပြီး ယိုကုအွန်ဂျီအမည်နဲ့ သိခဲ့ကြပါတယ်။ စစ်ဗိုလ်ချုပ်ကြီးရဲ့ မြေးဖြစ်သူက ဒီကျောင်းဆောင်နှင့် ပုံစံတူနန်းဆောင်တစ်ခုကို ဆောက်လုပ်ခဲ့ပါတယ်။

အမည်က ဂျင်ကာကုဂျီဖြစ်ပြီး ငွေနန်းတော်ဟု အဓိပါယ်ရပါတယ်။ ဂျင်ကာကုဂျီကိုတော့ ဆယ်စုနှစ်များ ကြာမြင့်ပြီးမှ မြို့ရဲ့ အခြားတစ်ဖက်မှာ တည်ဆောက်ခဲ့တာပါ။

သူ့ရဲ့ သမိုင်းတွင် ထင်ရှားမှုကြောင့် ဒီကျောင်းဆောင်ဟာ UNESCO ကနေ သမိုင်းဝင် အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

2.Itsukushima

အီဆုကုရှီးမား ဘုရားကျောင်းဟာ မီယာဂျီးမားကျွန်းမှာ တည်ရှိပါတယ်။ကျွန်းအမည်ရဲ့ မူလဇစ်မြစ်အီကုဆုရှီးမား ကျောင်းဆောင်တည်ရှိတဲ့ ကျွန်းရဲ့အမည်ဟာ

ဘုရားကျောင်းကို အမှီပြုပြီး ပေါ်ပေါက်လာတာပါ။ မူလက အီကုဆုရှီးမားကျွန်းလို့ သိကြပေမယ့် အခုအခါမှာတော့ ဆုတောင်းပြည့်ကျွန်း မီယာဂျီးမားလို့ အမည်တွင်ခဲ့ပါတယ်။

နာမည်တွင်ယုံသာမကပါဘူး၊ ဒီကျောင်းဆောင်က မကောင်းဆိုးဝါးတွေရန်က ကာကွယ်ပေးပြီး လူသားတွေကို စောင့်ရှောက်ပေးတဲ့ ရှင်းတိုနတ်ဘုရားကျောင်းတွေထဲက ထင်ရှားတဲ့ ဘုရားကျောင်းဖြစ်ပါတယ်။

ဒီကျွန်းကလေးရဲ့ အကြောင်းကို မသိသူတွေတောင် ကျွန်းကိုတော့ သိကြပါတယ်။ ပင်လယ်ဝအဝင်က ကျွန်းလေးဖြစ်လို့ပါ။ဂျပန်နိုင်ငံရဲ့ မျက်စိပသာဒအဖြစ်ဆုံး နေရာတစ်ခုအဖြစ်

သတ်မှတ်ခံရပါတယ်ဘုရားကျောင်းဆောင်တည်ရှိရာ ပင်လယ်ဝက ရေထုနှင့် ပေါင်းစပ်ဆောက်လုပ်နိုင်အောင် အသေးစိတ် ဒီဇိုင်းရေးဆွဲထားပါတယ်။ ဒီရေတက်ချိန်မှာ ပိုပြီး အစွမ်းရှိတယ်လို့ ယူဆကြပြီး

အစိတ်အပိုင်းအများစုကို ရေမှာပေါ်အောင် ဆောက်လုပ်ထားပါတယ်။

ရေမျက်နှာပြင်အထက်မှာ တည်ဆောက်ထားတဲ့ အဆောက်အဦးအားလုံးကို သစ်သားတန်းတွေနဲ့ ချိတ်ဆက်ထားရှိပါတယ်။ စိတ်ဝင်စားစရာအကောင်းဆုံး အပိုင်းကတော့ ဘုရားကျောင်းဆောင်ကို

ပေါ်လွင်ထင်ရှားစေတဲ့ ဝင်ပေါက်မုဒ်ဦးပါ။ ဒီပုံကို မြင်လိုက်တာနဲ့ ဘယ်ဒေသကမှန်း မသိရင်တောင် တစ်ကမ္ဘာလုံးက မြင်ဖူးကြမှာပါပဲ။

ရေတက်ချိန်မှာ သွားလည်လို့ ပိုအဆင်ပြေပါတယ်။ ရေကျချိန်ဆို မုဒ်ဦးနားရောက်အောင် လမ်းလျှောက်သွားဖို့ လိုပါတယ်။ ညအချိန်ဆိုရင် အပျော်စီးသင်္ဘောတွေပေါ်ကနေ လှမ်းမြင်နိုင်ပါတယ်။ကြွယ်ဝမှု၊

အငြင်းပွားစရာ သမိုင်းကြောင်း အီကုဆုရှီးမား ဘုရားကျောင်းကို စစ်သူကြီး Taira no Kiyomori က သူ့ရဲ့စစ်တပ် ကိုးကွယ်တဲ့ ကျောင်းဆောင်အဖြစ် ဆောက်လုပ်ခဲ့တယ်လို့ သိကြပါတယ်။

ကျွန်းရဲ့ အမြင့်ဆုံးအပိုင်းမှာတော့ ၆ ရာစုလောက် ကတည်းက ဆုတောင်းပွဲများ ကျင်းပခဲ့ကြပါတယ်။ ဒီကျောင်းဆောင်ရဲ့ မူလဇစ်မြစ် အစစ်အမှန်ကိုတော့ ယခုထိ ရှာဖွေနေကြဆဲပါ။

၅၉၃ ခုနှစ်က အမည်မသိလူတစ်ယောက် (သို့) လူတစ်စုက တည်ဆောက်ခဲ့တယ်လို့လည်း ပြောကြပါတယ်။ စစ်သူကြီး Taira က ပြန်လည်ပြုပြင်ခဲ့စဉ်က အခုတွေ့ရတဲ့အတိုင်း အနီရောင်ကို

အသုံးပြုပြီး ဆောက်လုပ်ခဲ့တယ်လို့လည်း သိကြပါတယ်။ဘယ်လိုသွားကြမလဲအီဆုကုရှီးမားကျောင်းဆောင်ကို မီယာဟီမဆိပ်ကမ်းကနေ ဇက်နဲ့ကူးပြီး ၁၀ မိနစ်လောက် ကမ်းနားအတိုင်း လျှောက်လိုက်ရင် ရောက်ပါပြီ။

ဟီယိုရှီးမားကနေ ရထား(သို့) လှေစီးလည်း ရပါတယ်။ ဘယ်လိုသွားသွား ၁ နာရီတောင် မကြာပါဘူး။

Global Tips Read 174 times