ကမ္ဘာပေါ်တွင် နိုင်ငံခြားသားများအတွက် နေထိုင်မှုစရိတ်အကြီးဆုံးမြို့များ နှင့် အသက်သာဆုံးမြို့


03 December, 2020

ကမ္ဘာပေါ်တွင် နိုင်ငံခြားသားများအတွက် နေထိုင်မှုစရိတ်အကြီးဆုံးမြို့များ စာရင်းတွင် ဟောင်ကောင်က ထိပ်ဆုံးနေရာရပ်တည်ခဲ့ကြောင်း သုတေသနတစ်ရပ်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့သည့် သုတေသနအရ မိုးမျှော်တိုက်မြို့တော် ဟု ခေါ်ဝေါ်ကြသည့်ဟောင်ကောင်မြို့တွင် နိုင်ငံခြားသားများအတွက် နေထိုင်မှုစရိတ် အကြီးဆုံးမြို့များစာရင်းတွင်

ဒုတိယနေရာရောက်ရှိခဲ့ပြီး အန်ဂိုလာနိုင်ငံမြို့တော် လူအန်ဒါက ပထမနေရာတွင် ရပ်တည်ခဲ့သည်။

သို့သော်ယခုနှစ်အတွက် အတိုင်ပင်ခံ ကုမ္ပဏီ မာဆာက နေထိုင်မှုစရိတ်စာရင်းကောက်ယူရာတွင် ဟောင်ကောင်မြို့က ထိပ်ဆုံးနေရာရပ်တည်ခဲ့ပြီး အာရှတိုက်မှ မြို့များမှာ ထိပ်ပိုင်းနေရာများကို ရောက်ရှိခဲ့ကြောင်းတွေ့ရသည်။

၂ဝ၁၈ ခုနှစ် အတွက်ကောက်ယူသည့်နေထိုင်မှုစရိတ်ဆိုင်ရာသုတေသနမှာ ၂၄ ကြိမ်မြောက်သုတေသန ပြုလုပ်မှုဖြစ်သည်။

အဆိုပါစစ်တမ်းတွင် အိမ်ငှားရမ်းခနှင့် အဝတ်အစားဝယ်ယူမှုမှ အစ ပေါင်မုန့်နှင့် ဘီယာအဆုံးစရိတ်စက များကို စာရင်းကောက်ယူခဲ့သည်။

မြို့တစ်မြို့ချင်းစီတွင် အိမ်ငှားရမ်းခ၊ပို့ဆောင်ဆက်သွယ်ရေး စရိတ်၊အစားအစာ၊ဖျော်ဖြေရေးကဏ္ဍ၊အဝတ်အစားများအပါအဝင်ကုန်ကျစရိတ် ၂ဝဝ နီးပါးကိုလေ့လာခဲ့သည်။

ယခုနှစ်တွင် နိုင်ငံခြားသားများ အတွက် နေထိုင်မှုစရိတ် အကြီးဆုံးမြို့များ စာရင်းတွင် ဂျပန်နိုင်ငံတိုကျိုမြို့သည် ဒုတိယနေရာရပ်တည်ခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့သည် တတိယ၊

စင်ကာပူသည် စတုတ္ထ၊တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သည် ပဉ္စမ နေရာများတွင် ရပ်တည်ခဲ့သည်။

ပြည်ပနိုင်ငံသားများအတွက်နေထိုင်မှုစရိတ်အသက်သာဆုံးမြို့မှာ ဥဇဘတ်ကစ္စတန် နိုင်ငံ တက်ရှ်ကန့်မြို့ဖြစ်ပြီး အဆင့် ၂ဝ၉ နေရာတွင် ရပ်တည်နေကြောင်းသိရသည်။

Global Tips Read 35 times