Harry နဲ့ Meghan တို့ နေထိုင်တဲ့ နန်းတော်အလား ဗာဘလီဟေးရှိနေအိမ်ကြီး


01 March, 2020

မင်းသားဟယ်ရီနှင့် သူ၏ဇနီးဖြစ်သူ Meghan Markle တို့က အလွန်တန်ဖိုးကြီးသော ဗာဘလီဟေးရှိဟောလိဝုဒ်နာမည်ကျော် Tyler Perry ၏ တန်ဖိုးကြီးနေအိမ်ကြီးတွင်နေထိုင်နေကြောင်း DailyMail မှ ဖော်ပြခဲ့ပါတယ်။

 

၎င်းတို့ စုံတွဲဟာ Tyler Perry နဲ့ တူတူ တွဲသွားတွဲလာတော့ မရှိပါဘူး သို့ပေမည့်ထိုစုံတွဲနဲ့အဒေါ်သဖွယ်နေတဲ့ မင်းသမီးကြီး Oprah Winfrey ကနေတစ်ဆင့် သူတို့စုံတွဲနဲ့ ရင်းနှီးခဲ့တယ်လို့သိရပါတယ်။

 

မင်းသား Harry နဲ့ သူ့ဇနီး Meghan Markle သည် LA သို့ပြောင်းရွေ့ လာပြီးနောက် သူတို့ရဲ့ သားဦးလေးဖြစ်သူ Archie နှင့် အဆိုပါ ၁၈ သန်းတန်တဲ့ အိမ်ကြီးတွင်နေထိုင်တယ်သိပါတယ်။

 

ထိုဇနီးမောင်နှံဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှ ၎င်းတို့ တာဝန်ထမ်းဆောင်ခဲ့တဲ့ နန်းတော်ဆောင်မှ တော်ဝန်ရေးရာ တာဝန်ယူ မှု့များမှ နှုတ်ထွက်ပြီး ဗန်ကူးဗား ကျွန်း ရဲ့ ကမ်းခြေမှာနေခဲ့ကြပေမည့် ကိုဗစ် အခြေအနေ အနည်းငယ် ဆိုးရွားထာတဲ့ အခါမှာ ၎င်းတို့ယခုနေထိုင်ရာ နေအိမ်သို့ပြောင်းရွေ့နေထိုင်ခဲ့ခြင်းဖြစ်ပါတယ်။

 

Harry တို့ ဇနီးမောင်နှံက LA သို့စပြောင်းကတည်းက လုပ်အားပေး အလုပ်များ ၊ အိမ်ခြေရာမဲ့များကို အစားအစာပေးဝေရေး များစွာကို ပြု လုပ်ခဲ့တဲ့ အပြင် အသက်ကြီး အဖိုးဖွား များရဲ့ ခွေးလေးများ ကို လမ်းလျှောက်ထွက်ပေးရတဲ့ စေတနာ့ ဝန်ထမ်း အလုပ်ကိုလည်းလုပ်ကိုင်ခဲ့တာတွေ့ရပါတယ်။

 

အနှစ် ၅၀ ကျော် ရှိပြီ ဖြစ်သော ၎င်း တို့ နေထိုင်ရာ စံအိမ်ကြီးတွင် အိပ်ခန်း ၈ ခန်း ပါဝင်ပြီး ရေချိုးခန်း အိမ်သာ ၁၂ ခန်းပါဝင်သည် အီတလီမှ တူစကန် စတိုလ် ဆောက်လုပ်ထားပြီး တောင်ကုန်းမှ မြေထိ ၂၂ ဧက ကျယ်ဝန်းသည် ထို့အပြင် ထိုအိမ်ကြီး၏ အိမ်နောက်ဖေးမှ ကြည့်လျှင် လှပသော မြို့ကြီးရဲ့ အလှကိုတွေ့နိုင်သည်။လုံခြုံတင်းကျပ်သော ဂိတ်တံခါးဝကြီး ရှိသည်။

 

အသက် ၃၅ နှစ်အရွယ် Harry နဲ့ ဇနီးဖြစ်သူ Meghan ၃၈ နှစ်တို့သည် ၎င်းတို့ အနေနဲ့ ထိုအိမ်ကို ဌားရမ်းထားသလော သို့ ဧည့်သည်အဖြစ် မိတ်ဆွေခြင်းမို့ နေထိုင်နေကြောင်း ဆိုတာလား မသိရသေးပေ။

 

ထိုအိမ်ကြီးသည် ပတ်ဝန်းကျင် အင်မတန်မှကောင်းတယ် စီးပွားရေးသမားများ နာမည်ကျော်များသာ ထိုအိမ်နီးနားတွင်နေထိုင်တယ်သိရပါတယ်။

 

လူခြေတိတ်သော ရပ်ကွက်ဖြစ်ပြီး ကျောင်းများ ၊ ဈေးဝယ်စင်တာများ နှင့် မြို့ထဲ နှင့် မနီးမဝေး အနေအထားတွင်ရှိသည်။ထိုရပ်ကွက်တွင်ပဲ Paris Hiltom က သူမစေ့စပ်ထားသူ Paris Latsis နှင့် ၂၀၀၄ ခုနှစ် ဒီဇင်ဘာလလောက်က စတုရန်းပေ ၁၁,၂၀၆ ရှိနေအိမ်ကြီးကိုဝယ်ယူခဲ့သည်။

 

ဗာဘလီပေားမှ အိမ်ခြံမြေအကျိုးဆောင်ဖြစ်သူ Rochelle Maize ပြောကြားချက်အရ ထိုရပ်ကွက်ထဲမှာ တကယ့် ဒိတ်ဒိတ်ကျဲတွေနေထိုင်တဲ့ အိမ် ၁၄ အိမ်သာ ရှိတယ်လို့သိရတယ်။အိမ်ဌားရမ်းမယ်ဆို လစဉ်ကြေး ဒေါ်လာ ၂ သောင်းမှ ၄ သောင်း အထိရှိပြီး အပြီးအပိုင်ဝယ်မယ်ဆိုပါက အိမ်ဈေးက ဒေါ်လာ ၁၆ သန်းလောက်ကစတယ်သိရပါတယ်။

Global Read 45 times