တရုတ်ပြည်က အရှည်ဆုံး ပင်လယ်ကူးတံတားကြီး


23 November, 2020

ဟောင်ကောင်၊မကာအိုနှင့် တရုတ်ပြည်မကြီးကို ဆက်သွယ်ပေးထားသော ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူးတံတားကြီး သည် အင်ဂျင်နီယာလောက၏ အံ့ဖွယ်တစ်ပါးဟု တင်စားခံနေရသောကြောင့် လူစိတ်ဝင်စားခံခဲ့ရသည်။

မြွေလိမ်မြွေ ကောက်လမ်းနှင့် ရေအောက်လိုဏ်ခေါင်းတို့ပါဝင်ပြီး အီဖယ်လ်တာဝါကြီးအခု ၆ဝ တည်ဆောက်နိုင်လောက်အောင် သံမဏိများ ကို အသုံးပြုဆောက်လုပ်ထားသည်။

၃၄ မိုင်ရှည်သည့် တံတားကြီးအား စတင်ဆောက်လုပ်ပြီး ကိုးနှစ်အကြာ ယခုရက်သတ္တပတ်အတွင်း တံတားတည်ဆောက်မှုပရောဂျက်အား တရုတ်အစိုးရမှ တရားဝင်မိတ်ဆက်ခဲ့သည်။

တံတားဖွင့်လှစ်မည့်ရက်ကို မသတ်မှတ်ရသေးသော်လည်း တရုတ်အာဏာပိုင်များသည် ယင်းပင်လယ်ကူးတံတားကြီးသည် နှစ်ပေါင်း ၁၂ဝ ကြာသည်အထိ တည်တံ့အောင် ဆောက်လုပ်ထားခြင်းဖြစ်ပြီး

ခရီးသွားရန် ကြာမြင့်ချိန်ကို ၆ဝရာခိုင်နှုန်း လျှော့ချနိုင်လိမ့်မည်ဟု ဆိုခဲ့ကြသည်။

ပရောဂျက်တစ်ခုလုံးတွင် သံမဏိတန်ချိန်ပေါင်း ၄၂ဝဝဝဝ အား အသုံးပြုထားပြီး လေးမိုင်ခန့်ရှည်လျားသောရေအောက်လှိုဏ်ခေင်းအား ခဲရာခဲဆစ် တည်ဆောက်ခဲ့ကြရသည်ဟု အင်ဂျင်နီယာများ မှ ဆိုသည်။

ရေလုံသည့် နည်းပညာကိုသုံး၍ပင်လယ်ရေအောက်တွင်ပိုက်တန်ချိန်ပေါင်း ၈ဝဝဝဝ ကို အသုံးပြုကာ လိုဏ်ခေါင်းကားလမ်းတည်ဆောက်ခြင်းမှာ ပရောဂျက်တစ်ခုလုံးအတွက် အခက်ခဲဆုံးဖြစ်သည်။

ကျွန်းတုများ၊လမ်းသစ်များနှင့် နယ်စပ်ဖြတ်ကျော်အဆောက်အအုံများပါဝင်သော ပရောဂျက်တစ်ခုလုံးအတွက် စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ ၁၅.၁ ဘီလျံခန့် ရှိသည့်အတွက် အတိုက်အခံများက

အကုန်အကျများသည့် ဆင်ဖြူတစ်ကောင်နှင့်နှိုင်းယှဉ်ကာဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

နှောင့်နှေးမှုများ၊ငွေကြေးလိုအပ်မှုများ၊အဂတိလိုက်စားမှုစွပ်စွဲချက်များ၊ဆောက်လုပ်ရေးအလုပ်သမားများသေ ဆုံးမှုများကြောင့် တံတားကြီးကို မျှော်မှန်းထားသည့်အတိုင်း ၂ဝ၁၇ ခုနှစ်အကုန်တွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိသော်လည်း

ယခုခါတွင်ဆောက်လုပ်ပြီးစီးခဲ့ပြီဖြစ်သည်ဟု သိရသည်။

Global Infrastructure and Zones Read 46 times