အိမ်ရာများကို ဂျပန်နိုင်ငံ၏ ဒီဇိုင်းများဖြင့်သာ တည်ဆောက်တော့မည်


01 August, 2019

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အသစ်ထပ် မံတည်ဆောက်မည့်အိမ်ရာများကို ဂျပန်နိုင်ငံ၏ ဒီဇိုင်း၊ ဘေးကင်းလုံခြုံမှုအဆင့်သတ် မှတ်ချက်များဖြင့်သာ တည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဇူလိုင်လ ၇ ရက်တွင် သိရသည်။

 ထိုသို့ တည်ဆောက်နိုင်ရေးအတွက် ဂျပန်နိုင်ငံမှ နည်းပညာရှင်များ၊ ဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ New Standard & Design ကို စတင်ရေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။ “ကျွန်မတို့ဌာနက အသစ်ဆောက် မယ့် အိမ်ရာတွေအတွက် ဂျပန်နိုင်ငံက အကူအညီနဲ့ New Standard &Design တွေရေးဆွဲနေပါပြီ။ ဂျပန်ရဲ့ Structure နဲ့ Design သဘာဝဘေးအန္တရာယ်နဲ့ ငလျင်ဒဏ်ခံနိုင်ရည်ရှိတဲ့ အဆောက်အအုံပုံစံတွေဖြစ်ပါတယ်”ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 အဆိုပါဂျပန်နိုင်ငံနည်းပညာဖြင့် တည်ဆောက်သွားမည့် အိမ်ရာများပြီးစီးပါက ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များမှ ဂျပန်နိုင်ငံ၏ 2 Steps Loan ဖြင့် အများပြည်သူသို့ ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 လက်ရှိတွင် ဂျပန်နိုင်ငံမှ ဆောက်လုပ်ရေးဌာနတစ်ခုသည် မြန်မာနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ငန်းရှင်များအသင်းချုပ်နှင့် ပူးပေါင်း၍ ဂျပန်နည်းပညာဖြင့် တည်ဆောက်သည့် Pilot Project တစ်ခုကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် တည်ဆောက်ပေး ထားကြောင်း သိရသည်။

Region Residential Read 38 times